AD
AD
AD
play

 

ဖြိုးကိုကိုတင့်ဆန်းအမှုကို တရားရုံးသို့ တရားစွဲဆိုတင်ပို့ထားပြီး သက်သေတွေကို စတင်စစ်ဆေးနေပြီလို့  ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။

‘‘တရားရုံးက စွဲတင်လိုက်ပါ ပြီ။ သက်သေတွေလည်း စစ်နေပြီ’’လို့ ဒီဇင်ဘာ ၂၂ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ဦးတင်မြင့်က 7Day Daily သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တရားရုံးကို တရားစွဲတင်တဲ့အချိန်နဲ့ တရားခွင်အခြေအနေအသေးစိတ်ကို မသိရှိရသေးဘူးလို့ ဆိုပါတယ်။

play

 

ဒီဇင်ဘာ ၂၁ ရက်က ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ဖြိုးကိုကိုတင့်ဆန်းကို တရားစွဲဆိုတင်ပို့ခဲ့တာက မှန်ကန်ပြီး သက်သေတွေ စစ်ဆေးမှုအခြေအနေကို မသိရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားထားပါတယ်။

ဒီအမှုကို မှုခင်းရဲတပ်ဖွဲ့ (CID) က လွှဲပြောင်းစစ်ဆေးပြီး နှစ်လအကြာမှာ တရားရုံးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဖြိုးကိုကိုတင့်ဆန်းအမှုနဲ့ ပတ်သက်ပြီး ကွင်းဆက်တရားခံ ၁၅ ဦးနဲ့ လက်နက် ၂၄ လက် ဖမ်းဆီးရမိထားပြီး အမှု ၁၇ ခု ဖွင့်လှစ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ပြောကြားထားပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD