AD
AD
AD
play

 

ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်တည်ထောင်ခဲ့ပြီး အဆင့်မြှင့်ပြုပြင်ထားတဲ့ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကို ဒီနေ့(ဒီဇင်ဘာလ ၂၃ ရက်) မွန်းလွဲ ၃ နာရီက သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပြတိုက်လမ်းမှာရှိတဲ့ အဆိုပါဆေးရုံကို ဗိုလ်ချုပ်အောင်ဆန်းရဲဇနီး ဒေါ်ခင်ကြည်က စတင် တည်ထောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးကောင်စီ လက်ထက်မှာ အမည်ပြောင်းခဲ့ကာ လက်ရှိအစိုးရလက်ထက်မှာ ဒေါ်ခင်ကြည်ဆေးရုံအဖြစ် အမည်ပြောင်းခဲ့တာ ဖြစ်ပါတယ်။

“ဒီဆေးရုံကို အရင်ကထက် ပိုမိုတိုးတက်အောင် ဝိုင်းဝန်းကူညီပေးတဲ့ ပုဂ္ဂိုလ်များဟာ ဆေးရုံတစ်ရုံအတွက် လုပ်ပေးတာ မဟုတ်ဘဲနဲ့ ကျွန်မတို့ရဲ့ ကျန်းမာရေးအတွက်၊ ကျွန်မ တို့ရဲ့ ပြည်သူတွေအတွက်၊ ကျွန်မတို့ရဲ့ ပြည်ထောင်စုအတွက် ဝိုင်းဝန်းကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

play

 

တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံအဖြစ် ဖွင့်လှစ်ခဲ့တဲ့ ဒေါ်ခင်ကြည်ဆေးရုံကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာက စတင်ပြုပြင်ခဲ့ကာ လက်ရှိအချိန်မှာ ခုတင် ၄၀ ဆံ့ ဆေးရုံအဖြစ် ပြန်လည် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ခုတင် ၁၀၀ ဆံ့အထိ တိုးချဲ့သွားမယ်လို့ သိရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ မနက်ပိုင်းကလည်း ရန်ကုန် မင်္ဂလာဒုံမြို့နယ်က ဆရာတော်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)သီတင်းသုံးတဲ့ သိမ်ဓမ္မာရုံ ရေစက်ချပွဲကို တက်ရောက်ခဲ့သေးတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Prof Win Myat Aye

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD