AD
AD
AD
play

 

မူဆယ်မြို့နယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ဧရိယာနားကို လက်နက်ကြီးကျည်ကျရောက်လို့ (၁၂)နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မူဆယ်ခရိုင်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ဒုခရိုင်မှူးဦးစန်းလှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်ညနေက လုံထန်ပြည်သူ့စစ် တာဝန်ယူနေတဲ့ တောင်ကုန်းကို အဖွဲ့အမည် စိစစ်ဆဲ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက လက်နက်ကြီးနဲ့ နှစ်ချက်ပစ်ခတ်ခဲ့လို့ ကုန်သွယ်ရေးဇုန်ဧရိယာနားက မိုင်းယုကျေးရွာထဲကို ကျရောက်ပေါက်ကွဲလို့ အခုလိုသေဆုံးဒဏ်ရာရှိခဲ့တာတွေ ဖြစ်ခဲ့တာပါ။

‘‘ဒီလိုမျိုးဖြစ်စဉ်မဖြစ်တာကြာလှပြီ။ ဟိုတစ်ခါ ဖြစ်ပြီးနောက်ပိုင်းက ဒီလိုမျိုးဖြစ်တာတွေမရှိသေးဘူး။ ဒေသခံပြည်သူတွေက အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်း ချမ်းချမ်းဖြစ်တာကိုပဲ လိုချင်တာပေါ့။ အခုက ဘာ မဆိုင် ညာမဆိုင် ဒေသခံပြည်သူတွေ ထိခိုက်တယ်။ အကောင်းဆုံးကတော့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ငြိမ်းချမ်းရေးစကားပြောပြီး အားလုံးငြိမ်းချမ်းရေးလုပ်တာ အကောင်းဆုံးပေါ့"လို့ ဦးစန်းလှိုင်ကပြောပါတယ်။

play

 

ထိခိုက်ဒဏ်ရာရခဲ့တဲ့ (၃) နှစ်အရွယ် ကလေးငယ်နဲ့  (၅၈) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဒဏ်ရာပြင်းထန်လို့ မူဆယ်ဆေးရုံကနေ တရုတ်နိုင်ငံ ရွှေလီကို ပြောင်းရွှေ့ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နားက နွားခြံထဲကိုလည်း လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲလို့ နွားနှစ်ကောင်သေဆုံးပြီး ၁၈ ကောင် ဒဏ်ရာရခဲ့တယ်လို့ မူဆယ်မြို့ခံတစ်ဦးက ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့ သောင်းကျန်းသူ ကိုစိစစ်ဆဲဖြစ်တယ်လို့ ပြည်ထဲ ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၃ ရက်ညမှာ သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD