AD
AD
AD
play

 

လန်ခရူဆာအဖြူရောင်ယာဉ်ကို အသုံးပြုပြီး နံပါတ်ပြားအတုတွေတပ်ဆင်ကာ ရန်ကုန်မြို့ထဲမှာ ညအိပ်ရပ်နားထားတဲ့ ကားတွေဆီနေ ပစ္စည်းတွေဖြုတ်ခိုးယူသူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါခိုးမှုတွေ ကျုးလွန်ခဲ့တဲ့သူက ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းမှာနေထိုင်တဲ့ အသက် (၄၄)နှစ်အရွယ် ကျော်ကို(ခ)မြင့်စန်းဆိုသူဖြစ်ပြီး လန်ခရူဆာကားကို နံပါတ်ပြားအမျိုးမျိုးတပ်ဆင်ပြီး ကားမီးသီးနဲ့ နောက်ကြည့် မှန်အပါအဝင် ကားပစ္စည်းတွေ လိုက်လံခိုးယူခဲ့တာလို့ သိရပါတယ်။

ခိုးမှုတွေဆက်တိုက်ကျူး လွန်ခဲ့သူက ဒီဇင်ဘာဒုတိယပတ်က တာမွေမြို့နယ်ကနေ တိုယိုတာကလူဂါယာဉ်တစ်စီးရဲ့ ရှေ့မီးလုံးကြီးတစ်စုံ၊ ရှဲလ်တစ်ခုနဲ့ နောက်ကြည့်မှန်တစ်ခု ခိုးယူက လန်ခရူဆာကားနဲ့ မောင်းနှင်ထွက်ပြေးသွားကြောင်း တိုင်တန်းခဲ့လို့ တာမွေရဲစခန်းက အမှုဖွင့်စုံစမ်းရာ ရန်ကင်းမြို့နယ်မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

စစ်ဆေးချက်တွေအရ ပြစ်မှုကျူးလွန်သူ ကျော်ကို(ခ)မြင့်စန်းက ၂၀၁၇ ရှစ်လအတွင်း ရန်ကင်း၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ လှိုင်၊ ဒဂုံ၊ အလုံ၊ လမ်းမတော်၊ ကမာရွတ်နဲ့ ဗဟန်းမြို့နယ်တွေမှာရှိတဲ့ ညအိပ်ယာဉ်တွေကနေ ကားပစ္စည်းခိုးယူမှု ၂၆ မှုကို ထပ်မံဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကားပစ္စည်းတွေ ခိုးယူသူ ကျော်ကို(ခ) မြင့်စန်းနဲ့ ခိုးရာပါပစ္စည်းတွေ လက်ခံဝယ်ယူသူ ကျော်မြင့်တို့နှစ်ဦးကို သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုတွေဖွင့်ထားပြီး အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source & Photo : 7Day,Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD