AD
AD
AD
play

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာအုပ်စုမှာ ဒီဇင်ဘာလ (၂၃) ရက် မွန်းလွှဲ (၂) နာရီခွဲလောက်က ဘင်္ဂါလီလူမျိုးရှစ်ဦးနဲ့ လိုက်ပါပို့ဆောင်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ခိုးဝင်ဘင်္ဂါလီတွေရောက်ရှိနေတယ်လို့ သတင်းရတာကြောင့် ဖဒိုနယ်မြေရဲစခန်းက တာဝန်ရှိသူတွေ သွားရောက်ဖမ်းဆီးခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးမိုင်တိုင် ၈၃မိုင် ကျော်ရှိ ကျေးရွာမှာ ဘင်္ဂါလီအမျိုးသားငါးဦးနဲ့ မ တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

"ဖမ်းမိတဲ့အိမ်က သူကသတင်းထောက်ဟုတ်မဟုတ် စစ်ဆေးနေတယ်။ သူကခြံစိုက်စားတာတော့သိတယ်။ အမှုနဲ့ပတ်သက်လို့ စစ်ဆေးနေတုန်းဖြစ်တဲ့အတွက်ဘာမှပြောလို့မရသေးပါဘူး"လို့ ကျောက်တံခါးရဲစခန်းမှ ဒုရဲမှူးအောင်ကျော်ကျော်က ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

ဘင်္ဂါလီ ခြောက်ဦးကို မှုခင်းရှုထောင့်ဂျာနယ်မှာ အလုပ်လုပ်သူ ဦးစံသိန်းရဲ့ ခြံဝန်းထဲမှာရှိတဲ့ တဲအတွင်းကနေ ဖမ်းဆီးရမိခဲ့ပြီး နောက်ထပ်နှစ်ဦးကို အဆိုပါဂျာနယ်မှာ အလုပ်လုပ်သူ ဦးခင်ရွှေရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကနဦးစစ်ဆေးချက်တွေအရ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD