play
ရန်ကုန်မြို့ ခရစ္စမတ်အကြိုည မြင်ကွင်း။

 

ရန်ကုန်မြို့မှာကျင်းပမယ့် ခရစ္စမတ်ပွဲတော်ညနဲ့ နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲ ပြုလုပ်မယ့် နေရာတွေမှာ တိုင်းထဲမှာရှိတဲ့ ရဲတပ်ဖွဲ့အင်အား အပြည့်သုံးပြီး လုံခြုံရေးဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ဒုရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

‘‘အရင်နှစ်တွေကတော့ နိုင်ငံတော်အဆင့် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေလာတဲ့နေရာလောက်ပဲ စစ် တယ်။ ဒီနှစ်တော့ စတိတ်ရှိုးစင် တွေနဲ့ လူစည်ကားရာနေရာတွေ မှာ ရှာဖွေသွားမှာပါ’’လို့ ဒုရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နဲ့ ၃၁ ရက် ညမှာ ပျော်ပွဲရွှင်ပွဲ ကျင်းပမယ့် နေရာတွေကို မိုင်းရှာခွေးတွေနဲ့ မိုင်းရှင်းလင်းရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်ဖို့ လုံခြုံရေးအရ ရှာဖွေမယ်လို့ ဆိုပါတယ်။

play
ရန်ကုန်မြို့ ခရစ္စမတ်အကြိုည မြင်ကွင်း။

 

နှစ်သစ်ကူးညမှာ ပြည်သူတွေ အပြည့်အဝပျော်ရွှင်နိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် အင်အားအပြည့်နဲ့ လုံခြုံရေးချထားဖို့ စီစဉ်ထားပြီး ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း မိုင်းရှင်းလင်းရေး ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လူအများလာရောက်လည်ပတ်မယ့် အင်လျားကန်၊ ကန်တော်ကြီးဥယျာဉ်နဲ့ ပြည်သူ့ရင်ပြင်တို့မှာ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား ပိုမိုချထားမှာဖြစ်ကာ အင်းလျားကန်ပေါင်နဲ့ ကန်တော်ကြီးတို့မှာ လှည့်ကင်းမော်တော်ယာဉ်တွေနဲ့ လှည့်လည်စစ်ဆေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်သစ်ကူးညမှာ အရက်၊ ဘီယာ၊ ကေတီဗီဆိုင်နဲ့ အနှိပ်ခန်းတွေကို သတ်မှတ်ထားတဲ့ အချိန်အတိုင်း ဖွင့်လှစ်ခွင့်ပေးထားပြီး ပိတ်သိမ်းဖို့အချိန် သီးသန့်သတ်မှတ်ထားတာမရှိဘူးလို့ ဒုရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

Source : 7DayDaily

Photos : Yaminyadanar Oo Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video