play

 

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “တမ်ဘင်” (Tembin) အရှိန်ကြောင့် ခရစ္စမတ်ကာလ  ဒီဇင်ဘာ ၂၆ ရက်ကနေ ၂၈ ရက်အတွင်း ပြည်နယ်တိုင်း ရှစ်ခုမှာ အချိန်အခါမဟုတ်မိုးတွေ ရွာနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။

တိုင်ဖွန်းမုန်တိုင်း “တမ်ဘင်” (Tembin) အရှိန်ကြောင့် တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ  နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ဆိုပါတယ်။

play

 

အဆိုပါ မုန်တိုင်းရဲ့အရှိန်ကြောင့် အချိန်အခါ မဟုတ်မိုးရွာတာတွေ၊ မိုးထစ်ချုန်းတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေကို ကြိုတင်သတိပြုနိုင်ဖို့ မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပြီး အဆိုပါ အပူပိုင်းမုန်တိုင်းက အနောက်ဘက်ကို ရွေ့လျားနေကာ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားမယ်လို့ ဆိုပါတယ်။

မုန်တိုင်းကြောင့် တနင်္သာရီတိုင်းဒေသကြီးမှာ နေရာကွက်ကျား၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ သာယာမယ်လို့ မိုးဇလဦးစီးဌာနက ခန့်မှန်းထားပါတယ်။

Source : DMH

Photos : U Tun Lwin Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video