AD
AD
AD
play
အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေနှင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦး။

 

အစိုးရသစ်လက်ထက်မှာ သတင်းသမားတွေ တရားစွဲခံရမှု ၁၉ မှုရှိပြီး ၂၀၁၇ တစ်နှစ်အတွင်း တရားစွဲထားတာ ၁၃ မှုရှိကာ သတင်းသမား ၃၃ ဦး တရားရင်ဆိုင်နေရတယ်လို့ We Support Journalists အဖွဲ့က စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဆိုပါ ၁၉ မှုအတွင်း အစိုးရ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့က သတင်းသမားတွေကို စွဲဆိုတဲ့ အမှုရှစ်မှုအထိပါဝင်ပြီး အခြားသူတွေက စွဲဆိုတဲ့ အမှု ၁၁ မှုဖြစ်တယ်လို့ We Support Journalists အဖွဲ့က ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

‘‘အရင်ကလည်း ၆၆(ဃ) ကိစ္စလုပ်နေတော့ အဲဒီဟာနဲ့ သတင်းသမားတွေ တော်တော် များများ တရားစွဲခံရတယ်။ အဲဒါ နဲ့ အခြေခံပြီး တခြားအမှုတွေပါ ကျန်တဲ့ဟာတွေ လိုက်စုလိုက် တာ။ လူသိရှင်ကြားအမှုတွေ တော့ ဒီထဲမှာ အကုန်ပါပါတယ်။ မီဒီယာပေါ် တက်မလာဘဲ ကျိတ် ဖြစ်နေတာ ဆိုရင်တော့လည်း ကျွန်တော့်ဆီမှာ မရှိနိုင်လောက် ဘူး’’လို့ We Support Journalists အဖွဲ့မှ မောင်ဆောင်းခက ပြောပါတယ်။

play
The Voice သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ။

 

သတင်းသမားတွေကို တရားစွဲရာမှာ ဆယ်သွယ်ရေးဥပဒေနဲ့ တရားစွဲဆိုတာ အများဆုံးဖြစ်ပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေ၊ ပို့ကုန်၊ သွင်းကုန်ဥပဒေ၊ လေကြောင်းပျံသန်းမှုဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ၊ သတင်းမီဒီယာဥပဒေ၊ အသရေ ဖျက်မှု ပုဒ်မ ၅၀၀ တို့နဲ့လည်း တရားစွဲဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ အမှု ၁၉ မှုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက ဖမ်းဆီးတရားစွဲခံခဲ့ရတဲ့ မြန်မာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုမင်းဇေယျာဦးနဲ့ ကိုခွန်လတ် တို့အမှုကိုလည်း ထည့်သွင်းဖော် ပြထားပါတယ်။

Source : 7DayDaily

Photos : Reuters,The Voice

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD