AD
AD
AD
play

 

အစိုးရလျို့ဝှက်ချက်များအက်ဥပဒေနဲ့ ဖမ်းဆီး ထိန်းသိမ်းထားခံရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ဒီဇင်ဘာလ ၂၇ ရက်မှာ မင်္ဂလာဒုံတရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်သွားမယ်လို့ သိရပါတယ်။

‘‘အဲဒီနေ့(ဒီဇင်ဘာ ၂၇ ရက်)ကတော့ ချုပ်ရက် ရမန်လည်း ပြည့်ပြီလေ။ အခုရမန်အတွင်းမှာ စစ်ဆေးချက်ပြီးရင် ဥပဒေအကြံပြုချက်တောင်းပြီး တရားရုံးတင်မှာပေါ့။ ပထမရမန်နဲ့ မပြီးရင် ဒုတိယရမန်ထပ်ယူမှာပေါ့’’လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရုံးထုတ်မယ့် အခြေအနေကို ပြောပါတယ်။

ဒီဇင်ဘာ ၁၂ ရက် ညကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် ကိုဝလုံးနဲ့ ၁၀  ရက်ကျော်ကြာတဲ့အထိ အဆက်အသွယ် မရရှိသေးဘူးလို့ ကိုဝလုံးရဲ့ဇနီး မပန်းအိမွန်က 7Day Daily သတင်းစာကို ပြောပါတယ်။

play

 

ရိုက်တာ သတင်းထောက်နှစ်ဦးအနေနဲ့ အပြစ်မရှိဘဲ ဖမ်းဆီးခံရမှာမဟုတ်ဘဲ ချုပ်ရမန်ကြီး ၁၅ ရက် ပြည့်ရင် မိသားစုနဲ့ တွေ့ဆုံခွင့်ရနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ၀န်ဦးတင်မြင့်က ပြောထားပါတယ်။

နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရသော ရိုက်တာသတင်းထောက်နှစ်ဦးကို သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်ပေးဖို့နဲ့ ဘယ်နေရာမှာ ထိန်းသိမ်းထားတာကို ထုတ်ပြန်ပေးဖို့ သတင်းမီဒီယာသမားများ၊ မီဒီယာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက တောင်းဆိုထားပါတယ်။

အစိုးရသစ်လက်ထက်မှာ သတင်းသမားတွေ တရားစွဲခံရမှု ၁၉ မှုရှိပြီး ၂၀၁၇ တစ်နှစ်အတွင်း တရားစွဲထားတာ ၁၃ မှုရှိကာ သတင်းသမား ၃၃ ဦး တရားရင်ဆိုင်နေရတယ်လို့ We Support Journalists အဖွဲ့က စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Source : 7DayDaily

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD