play

 

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဒီဇင်ဘာ ၂၄ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့တဲ့ မြန်မာအရေးဆုံးဖြတ်ချက်က မြန်မာနိုင်ငံအပေါ် မည်သည့် ထိခိုက်မှုမျှ မရှိနိုင်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။

“ဒီဆုံးဖြတ်ချက်က မြန်မာနိုင်ငံအတွက် ဘာမှ ထိခိုက်မှုမရှိဘူး။ ဒီဆုံးဖြတ်ချက်တွေက လိုက်နာဆောင်ရွက်ဖို့ မလိုဘူး။ လိုက်နာ ဆောင်ရွက် ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကုလသမဂ္ဂရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို လေးစားတဲ့အနေနဲ့ ဒီဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမှာလား၊ အခက်အခဲ ဖြစ်စေ မှာလား။ ကြည့်ပြီးတော့ လုပ်ဆောင်မှာဖြစ်တယ်။ ဆိုလိုတာက ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်ခံရတဲ့နိုင်ငံတွေက မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး”လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေ(မူရင်းသတင်းတွင် မွတ်စလင် ရိုဟင်ဂျာများဟု သုံးထားသည်) ကို ပြန်လက်ခံပြီး နိုင်ငံသား အခွင့်အရေး အပြည့်အဝ ပေးအပ်ဖို့ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးကောင်စီ ( IOC ) က ဦးဆောင်တောင်းဆိုခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့တာပါ။

play

 

မြန်မာအရေး ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၂၂ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ၁၀ နိုင်ငံ ကန့်ကွက်ခဲ့ကြကာ ၂၄ နိုင်ငံက မဲမပေးခဲ့ကြပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှားနိုင်ငံတို့က ဦးဆောင်ကန့်ကွက်ခဲ့ပြီး မြန်မာနိုင်ငံအပါအ၀င် ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘယ်လာရုစ်၊ ဆီးရီးယားနဲ့ ဇင်ဘာဘွေနိုင်ငံတို့ကလည်း ကန့်ကွက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့လို့ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဘင်္ဂါလီခြောက်သိန်းလောက်ကို ပြန်လည်လက်ခံပြီး နိုင်ငံသားအခွင့်အရေး အပြည့်အ၀ပေးအပ်ဖို့ IOC က ဦးဆောင်တောင်းဆိုခဲ့တာပါ။

Source : The Voice

Photos : UN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video