AD
AD
AD
play
KIO ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်ထံ ပေးပို့ခဲ့သည့် နှစ်ကူးသဝဏ်လွှာ။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေထံ နှစ်သစ်ကူးသဝဏ်လွှာပေးပို့ပြီး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါ စေကြောင်း ဆုတောင်းပေးခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တဲ့ နှစ်သစ်ကူးသဝဏ်လွှာကို ကချင်လက်နက်ကိုင်အဖွဲ့ KIO ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းက ဖော်ပြခဲ့ပါတယ်။

‘‘အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးပို့သည့် နှစ်သစ်ကူးသဝဏ် လွှာအား ချစ်ကြည်ရင်းနှီးစွာ ပေး အပ်ပါသည်။ နှစ်သစ်တွင် ပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါသည်’’လို့ ရေးသားထားပါတယ်။

play

 

ဒေါ်အောင်ဆန်းစုကြည်က နှစ်သစ်ကူးသဝဏ်လွှာကို KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား အပါအဝင် KIO ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ ဗိုလ်ချုပ်ဂွမ်ရှောင်၊ ဗိုလ်ချုပ်ဂွန်မော်နဲ့ KIO ငြိမ်းချမ်းရေးဆွေး နွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်တို့ထံ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေဆီကိုလည်း နှစ်သစ်ကူးသဝဏ်လွှာပေး ပို့ခဲ့တယ်လို့ KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အတည်ပြု ပြောကြားထားပါတယ်။

Source : 7DayDaily

Photos : Gunmaw Sumlut Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD