play

 

ဘင်္ဂါလီလူမျိုးတွေအနေနဲ့ ရခိုင်ပြည်နယ်လွတ်မြောက်ရေးအတွက် မြန်မာစစ်တပ်အပေါ် ဂျီဟတ်တိုက်ပွဲဆင်နွှဲဖို့ ဘင်္ဂလားဒေ့ရှ်မွတ်စလင်တွေကို ဘင်္ဂလားဒေ့ရှ်လူမျိုး အယ်လ်ကိုင်ဒါအဖွဲ့ဝင် တိုက်ခိုက်ရေးသမား မိုဟာမက်မီဒါအက်ဒ်က တိုက်တွန်းခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းစာမှာ ရေးသားထားပါတယ်။

‘အလ္လာ၏ အမိန့်ကို နာခံ ရေး’ဆိုတဲ့ ခေါင်းစဉ်ရေးထိုးထားပြီး အလ္လာကို လျစ်လျူရှုလို့မရကြောင်း (Jahiliyyah)ပြောကြား ထားတဲ့ ကြေညာချက်ကို အယ်လ်ကိုင်ဒါအဖွဲ့ရဲ့ မီဒီယာဖြစ်တဲ့ As-Sahab က ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘အထူးသဖြင့် လတ်တလောအတွင်း လူမျိုးတုံးသတ်ဖြတ်မှု တွေမြင်ရပြီး ရခိုင်ပြည်နယ်မှာ နေတဲ့ ဘင်္ဂါလီတွေအပေါ် ဖိနှိပ်မှု တွေ၊ သူတို့နေထိုင်တဲ့ ရွာတွေကို ဖျက်ဆီးတာ၊ အမျိုးသမီးတွေကို စော်ကားတာ၊ ပြီးတော့ ခိုလှုံခွင့် တောင်းခံဖို့ ဘင်္ဂါလီတွေ ဘင်္ဂ လားဒေ့ရှ် (ဒါမှမဟုတ်) မလေး ရှားဘက်ဝင်ဖို့ ကြိုးစားတာတွေ မြင်ရတာ၊ ပြီးတော့ တစ်ချိန်တည်းဆိုသလို ကိုယ့်ရဲ့ စစ်မှန်တဲ့ အ မှတ်အသားလက္ခဏာကို မေ့ ဖျောက်ပြီး ဘင်္ဂလားဒေ့ရှ် (ဒါမှ မဟုတ်) မလေးရှားလူမျိုးမွတ်စ လင်တွေက Jahiliyyah ကို လက် ခံကျင့်သုံးတာတွေ မြင်ရပါတယ်’’လို့ မီဒါအက်ဒ်က အဆိုပါကြေညာချက်မှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲပြီး မြန်မာစစ်တပ်အပေါ် ဂျီဟတ်ပြုလုပ်ရေးက ဘင်္ဂလားဒေ့ရှ်မွတ်စလင်တိုင်းရဲ့ တာဝန်တစ်ရပ်ဖြစ်လာကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Source : 7DayDaily

Photos : Dhaka Tribune

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video