play
ဖျာပုံမြို့နယ်အနီး မြန်မာပင်လယ်ပြင်အတွင်းက ကျားဖောင်များ။

 

လေပြင်းကျလို့ ပျောက်ဆုံးနေတဲ့ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ထဲက ကျားဖောင်လုပ်သားတွေထဲက ၁၀ ဦးကို အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဖျာပုံမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

“ဒီဇင်ဘာ ၂၅ ရက် မနက်မှာ ၁၀ ဦး အသက်ရှင်လျက် ပြန်တွေ့တယ်။ ပင်လယ်ပြင်ကပဲ တွေ့တယ်။ ကျန်းမာရေးအခြေအနေ ကောင်းတယ်။ ကျန်တဲ့ ၃၈ ယောက်ကိုတော့ ထပ်ရှာနေတုန်း”တုန်းပဲလို့း ဖျာပုံမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝါဝါသိန်းက ပြောပါတယ်။

play

 

ဖျာပုံမြို့နဲ့ ရေမိုင် ၂၂ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်မှာ ဒီဇင်ဘာ ၂၁ ရက်ည ၇ နာရီဝန်းကျင်က လေပြင်းကျခဲ့လို့ လုပ်ငန်းရှင် ၁၁ ဦး ပိုင်ဆိုင်တဲ့ ကျားဖောင် ၈၆ ခုနဲ့  ရေလုပ်သား ၂၅၈ ဦး ရေထဲမျောပါသွားခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်က ကျားဖောင်လုပ်သား ၂၁၀ ဦးကို ပြန်လည်ရှာဖွေတွေ့ရှိထားခဲ့ပြီး ကျားဖောင် ၈၆ ခုထဲက ၁၅ ဖောင် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ခါပြတ်ကျေးရွာက ကျားဖောင်ပိုင်ရှင်ငါးဦးရဲ့ ကျားဖောင်ငါးဖောင် ပျောက်ဆုံးနေပြီး ကျန်ရေလုပ်သား ၃၈ ဦးကို လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်ရေလုပ်သားတွေ၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ဆက်လက်ရှာဖွေနေတယ်လို့ ဖျာပုံမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။

Source : The Voice

Photos : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video