play

 

ကျိုင်းတုံမြို့မှာ ဖြစ်ပွားခဲ့တဲ့ အသက် (၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုသတ်ပြီး မီးရှို့အလောင်းဖျောက်ခဲ့သူနှစ်ဦးကို သေဆုံးသူရဲ့ချစ်သူ အကူအညီနဲ့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ- လွိုင်မွေသွားလမ်း မိုင်တိုင် ၈ မိုင် ၄ ဖာလုံနားမှာ မီးရှို့ခံထားရတဲ့  အမျိုးသမီးရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့ပြီး ပြစ်မှုကျူးလွန်သူကို ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

‘‘လက်စွပ်တစ်ကွင်းကနေ ဒီအမှုကို ဖော်ထုတ်လိုက်ရတာ ပေါ့။ မီးလောင်သူရဲ့ လက်သူ ကြွယ်မှာ အသည်းပုံနဲ့ လက်စွပ် လေး ကျန်ခဲ့တယ်။ ဒါကို ကောင် လေး (သေဆုံးသူ၏ ချစ်သူ) က ဖေ့စ်ဘွတ်ခ်မှာတွေ့တော့ ရဲစခန်းကိုလာပြီး သူနဲ့ သူ့ရည်းစားချစ်သူ သက်တမ်း တစ်နှစ်ပြည့်မှာ အတူတူဝတ်ခဲ့ကြတဲ့ လက်စွပ်လို့ ပြောလို့ ကွင်းဆက်ကို ဖော်လိုက်နိုင်တာ’’လို့ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

play

 

သေဆုံးသူနဲ့ သူ့ရဲ့ချစ်သူတို့က ဒီဇင်ဘာ ၂၀ ရက် နေ့လယ်က နောက်ဆုံးတွေ့ခဲ့ပြီး အမျိုးသမီးက ကျိုင်းတုံမြို့ ရပ်ကွက် (၄) ရှိ ဆွေမျိုးနီးစပ်တော်သူတစ်ဦးရဲ့အိမ်မှာ ငါးကင်စားမယ်လို့ ပြောဆိုပြီး ငါးကင်ဝယ်ဖို့ ထွက်ခွာခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့က ငါးကင်ဆိုင်ကို သွားရောက်စုံစမ်းပြီး အဆိုပါဆိုင်ကတစ်ဆင့် သေဆုံးသူအမျိုးသမီးသွားရောက်တဲ့ နေအိမ်ကို စစ်ဆေးတာကနေ အသက် (၄၂)နှစ်အရွယ် စိုးလွင်ဆိုသူကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

‘‘ကောင်မလေးသွားတဲ့ လမ်းကြောင်းတစ်လျှောက်ကို စစ်ဆေး တဲ့အခါ စိုးလွင်ရဲ့အိမ်မှာ လမ်း ကြောင်း ပျောက်နေတယ်။ ဒါ ကြောင့် စိုးလွင်ကိုပဲ လိုက်လံရှာ ဖွေပြီး စစ်ဆေးတဲ့အခါ သူကျူး လွန်ခဲ့ကြောင်း ဝန်ခံတယ်’’လို့ အဆိုပါ ရဲအရာရှိက ပြောပါတယ်။

ကနဦးစစ်ဆေးမှုတွေအရ ပြစ်မှုကျူးလွန်သူအမျိုးသားက အဆိုပါမိန်းကလေးကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်အရ သတ်ဖြတ်ခဲ့တာလို့ ထွက်ဆိုထားပြီး ပူးပေါင်းပါဝင်သူ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video