AD
AD
AD
play
ရုံးထုတ်သို့ သတင်းလာယူကြသည့် သတင်းမီဒီယာသမားများ။

 

နိုင်ငံတော်လျို့ဝှက်ချက်များအက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ဒီနေ့ ( ဒီဇင်ဘာ ၂၇ ) ရက်မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ် ရမန်ယူခဲ့ပြီး အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံး (ခ) သက်ဦးမောင်နဲ့ ကျော်စိုးဦး (ခ) မိုးအောင်တို့ကို အမှတ် (၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ရေးဗိုလ်ကြီးဒုရဲမှူးဇော်နိုင်က ထောက်ကြန့် နယ်မြေရဲစခန်းမှာ နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေ (၃) နဲ့ အမှုဖွင့်အရေးယူပေးဖို့ တရားလိုပြုတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

play

 

ဒီနေ့ရုံးထုတ်ခဲ့တာက ထပ်မံရမန်ယူဖို့ပဲဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ် ၁၀ ရက်မှာ ရုံးချိန်းထပ်မံဆင့်ခေါ်ထားတယ်လို့ ဖမ်းဆီးခံ သတင်းထောက်နှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ သတင်းသမားတွေ တရားစွဲခံရမှု ၁၉ မှုရှိပြီး ၂၀၁၇ တစ်နှစ်အတွင်း တရားစွဲထားတာ ၁၃ မှုရှိကာ သတင်းသမား ၃၃ ဦး တရားရင်ဆိုင်နေရတယ်လို့ We Support Journalists အဖွဲ့က စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD