play

 

၈၈ မျိုးဆက်တွေနဲ့ နိုင်ငံရေးမျိုးဆက်တွေပါဝင်မယ့် ပါတီကို ‘ရှစ်လေးလုံးပါတီ’ လို့ အမည်ပေးထားတာကို ပဲခူးတိုင်းအနောက်ခြမ်း ရှစ်လေးလုံး အထွေထွေသပိတ်ကော်မတီနဲ့ ဗကသကျောင်းသားဟောင်းများ အဖွဲ့ချုပ်က ကန့်ကွက်တယ်လို့ ဒီဇင်ဘာ ၂၅ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ် အထွေထွေသပိတ်ကော်မတီနဲ့ ဗကသကျောင်းသားတွေက ဦးကိုကိုကြီး ဦးဆောင် တည်ထောင်ခဲ့တဲ့ နိုင်ငံရေး ပါတီအမည်ကို ပြည်သူလူထုတစ် ရပ်လုံးပိုင်ဆိုင်တဲ့ သမိုင်းမော်ကွန်း ‘(၈၈၈၈) ရှစ်လေးလုံး’ နာမည်အသုံးပြုပြီး ဖွဲ့စည်းတဲ့အပေါ် လုံးဝဆန့်ကျင်ကန့်ကွက်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

play
ရှစ်လေးလုံးပါတီတည်ထောင်ရေး သတင်းစာရှင်းလင်းပွဲ မြင်ကွင်း။

 

‘‘သူတို့ကို ကျွန်တော်တို့က နိုင်ငံရေးအရ ပြတ်ပြတ်သားသား ပြောရမယ်။ မုန်းလို့မဟုတ်ဘူး။ ကျွန်တော်တို့က ချစ်ခင်မှုနဲ့ ဝေဖန်တာဖြစ်တယ်။ ရှစ်လေးလုံးအရေး တော်ပုံကြီးရဲ့ နာမည်ကိုတော့ သုံးလို့မဖြစ်ဘူး။ ရှစ်လေးလုံး အ ရေးတော်ပုံဆိုတာ တစ်ပြည်လုံး အတိုင်းအတာအရ ပါဝင်ခဲ့တဲ့ အ ရေးတော်ပုံကြီးတစ်ခုဖြစ်တယ်။ ရှစ်လေးလုံး အရေးတော်ပုံသမိုင်း ကို ပါတီနာမည်ထည့်မယ်ဆိုတာ သဘာဝမကျဘူး။ အဲဒီခေါင်းစဉ် ကြီးကို ယူသုံးတာကို မကြိုက်ဘူး လို့ ပြောတာပါ’’လို့ ပဲခူးတိုင်းအနောက်ခြမ်း ၈၈ အထွေထွေသပိတ် ကော်မတီအဖွဲ့ဝင် ဦးချစ်ဆောင်ဦးက ပြောပါတယ်။

အဆိုပါ ပါတီနာမည် သတ်မှတ်နိုင်ဖို့ ၂၀၁၆ ဇူလိုင် ၁၅ ရက်ကစတင်ကာ အဖွဲ့အဖွဲ့ စည်းခဲ့ပြီးနောက် တစ်နှစ်ခွဲခန့်အကြာမှာ ပါတီအမည် ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရှစ်လေးလုံးကြွေးကြော်သံ ဖြစ်တဲ့ ဒီမိုကရေစီရရှိရေးဆိုတဲ့အချက်ကို ဒီနေ့အထိ ထိထိရောက်ရောက် အကောင်အထည် မဖော်နိုင်သေးတာကြောင့် ပါတီထူထောင်ရတာလို့ ဦးကိုကိုကြီးက ဒီဇင်ဘာ ၁၇ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video