play

 

ချင်းပြည်နယ် ကနေဒီတောင်တန်းပေါ်က တောင်ဇလပ်ပန်းပင်ခုတ်ယူတဲ့ ကျေးရွာကို နောက်မပြုလုပ်ဖို့ သတိပေးခဲ့တယ်လို့ ချင်းပြည်နယ် စည်ပင် သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ဒီဇင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။

တီးတိန်မြို့နယ် ထေးဇန် ကျေးရွာအုပ်စု မော်ပီးကျေးရွာ ရွာသားတွေက တောင်ဇလပ်ပင်ကို ခရစ္စမတ်ပွဲတော်အတွက် ဒီဇင်ဘာ ၂၃ ရက်မှာ ခုတ်ယူ ခဲ့တာ ဖြစ်ပါတယ်။

‘‘တောင်ဇလပ်ပန်းက ချင်းပြည်နယ်ရဲ့အမှတ်လက္ခဏာဖြစ်လို့ ခုတ်လို့ကို မရပါဘူး’’လို့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

play

 

ပန်းပွင့်တွေပါတဲ့ တောင်ဇလပ်ပင်ကို ခုတ်ယူခဲ့တဲ့ ကျေးရွာကို ချင်းပြည်နယ်အစိုးရအဖွဲ့က သတိပေးတဲ့အပြင် ကနေဒီတောင်တန်းပေါ်မှာ တောင်ဇလပ်ပန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အသိပေးဆိုင်းဘုတ်တွေ ထပ်မံစိုက်ထူမယ်လို့ ၀န်ကြီးက ပြောပါတယ်။

အရင်နှစ်တွေတုန်းကတော့ တောင်ဇလပ်ပန်းပင်တွေ ခုတ်ယူခံရတာမရှိပေမယ့် တောင်ဇလပ်ပင်တွေနဲ့ ပတ်သက်ပြီး ရှေရည်ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ ဒေသခံတွေအနေနဲ့ အပင်တွေအပေါ် တန်ဖိုး ထားစိတ်၊ ပိုင်ရှင်စိတ်ရှိဖို့ လိုအပ်ကြောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောပါတယ်။

Source : 7DayDaily

Photos : Chin News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video