AD
AD
AD
play

 

ရန်ကုန်တိုင်းဒေသကြီး၊ ညောင်ကျေးရွာအုပ်စု၊ ဒိုင်စုကျေးရွာအနီးတွင်ဒီနေ့ (ဒီဇင်ဘာလ ၂၇ ) မွန်းလွဲ ၁ နာရီလောက်က ဆီပေပါဂိုဒေါင် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က Level 2 မီးသတ်ယာဉ်အုပ်စုနဲ့ သွားရောက်ငြိမ်းသတ်ခဲ့ရပြီးနောက်ပိုင်းမှ Level 3 မီးသတ်ယာဉ်တွေပါ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

play

 

''ဆီပေပါ တွေကိုသိုလှောင်ထားတာ။ ရေမြောင်းထဲ မြုပ်ထားတာ တွေလည်းရှိတယ်၊အဲဒါတွေပါ ထပေါက်ပြီးရေထဲမှာ မီးကလောင်နေတာ၊ ဘေးကကျူးကျော်တဲ တချို့လည်းလောင်ကုန်တယ်''လို့ လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မီးလောင်ရတဲ့အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတွက်ချက်နေဆဲဖြစ်တယ်လို့ လှိုင်သာယာမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

Source : Pyi Myanmar

Photos : FFSS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD