play
ဒီဇင်ဘာလ ၂၅ ရက်နေ့ညပိုင်းက ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေစဉ်။

 

ရတနာကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်ကနေ သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းလာမှာဖြစ်လို့ ရန်ကုန်မြို့မှာ ခြောက်ရက်အတွင်း လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်မှုနဲ့  မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ရတနာကမ်းလွန်လုပ်ကွက်က ဒီဇင်ဘာ ၂၈ ရက် မနက် ၁ နာရီကနေ ၂၀၁၈ ဇန်န၀ါရီ ၂ ရက် အထိ ဓာတ်ငွေ့ထုတ်လုပ်မှု တစ် ပိုင်းတစ်စရပ်ဆိုင်းတာ ပြုလုပ်မှာ ဖြစ်လို့ လျှပ်စစ်ထုတ်လုပ်ဖို့ သဘာဝဓာတ်ငွေ့ ရရှိမှု ကုဗပေ သန်း ၁၀၀ လောက် လျော့နည်းသွားမယ်လို့ ဆိုပါတယ်။

‘‘ည ၇ နာရီ၊ ၈ နာရီအချိန် တွေက လျှပ်စစ်သုံးမှု အမြင့်ဆုံး အချိန်တွေဖြစ်လို့ ထိုအချိန်ကို ရောက်ရင် လျှပ်စစ်နိုင်နေသေး သလားဆိုတာ ပြန်စစ်ရပါမယ်’’လို့ ဒေါက်တာထွန်းနိုင်က ရေးသားထားပါတယ်။

သဘာဝဓာတ်ငွေ့ရရှိတာနည်းပါးလို့ ရန်ကုန်မြို့မှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုပမာဏ လျော့နည်းမှာဖြစ်ပြီး ဓတ်အားအစားထိုးပေးနိုင်ဖို့ ရေအားလျှပ်စစ်စက်ရုံတွေကနေ လျှပ်စစ်ဓာတ်အားပိုမိုထုတ်ယူ ကာ မီးပေးနိုင်ဖို့ စီစဉ်ထားတယ်လို့ ဒေါက်တာထွန်းနိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Source : 7DayDaily

Photo : 7Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video