play
ပင်လုံမြို့တွင်ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်း။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၂၉ ရက်မှာ လွိုင်ကော်မြို့ကို လေကြောင်းခရီးနဲ့ နေ့ချင်းပြန် လာရောက်ပြီး ငြိမ်းချမ်းရေးစကားဝိုင်းကို ပုံစံနှစ်မျိုးနဲ့ ပြုလုပ်မှာဖြစ်တယ်လို့ ကယား ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။

ငြိမ်းချမ်းရေးစကားဝိုင်းကို အသက် (၃၀) အောက် လူငယ်တွေ ပါဝင်တဲ့ စကားဝိုင်းပုံစံအပြင် ဘာသာရေး ခေါင်းဆောင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေပါဝင်တဲ့ စကားဝိုင်းလည်း ပြုလုပ်သွားမယ်လို့ ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

play

 

ဒါ့အပြင် လတ်တလောဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကိုတင်ပြဖို့ လွိုင်ကော်မြို့ကိုလာရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိဖို့ ကယားပြည် နယ်ဝန်ကြီးချုပ်က တစ်ဆင့် တင်ပြထားတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)  လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ဇန်န၀ါရီ ၁ ရက်မှာ နေပြည်တော်မှာ လူငယ်တွေနဲ့ တွေ့ဆုံပြီး ငြိမ်းချမ်းရေးစကားဝိုင်း စတင်ပြုလုပ်ခဲ့ပြီး လွိုင်ကော်မြို့မှာ ကျင်းပမယ့် စကားဝိုင်းက ဒီနှစ်အတွင်း (၅) ကြိမ်မြောက်ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးစကားဝိုင်းတွေကို နေပြည်တော်မှာ နှစ်ကြိမ်၊ ပင်လုံမြို့မှာ တစ်ကြိမ်၊ မန္တလေးတိုင်း ၀မ်းတွင်းမြို့နယ် မြေတိုင်ကန်ရွာမှာ တစ်ကြိမ်ပြုလုပ်ထားပါတယ်။

Source : 7DayDaily

Photos : SCO,7Day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video