AD
AD
AD
play

 

လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့ပျက်ပြယ်သွားတဲ့ တန်ဘင်းမုန်တိုင်းရဲ့ လေပွေလှိုင်းတွေကြောင့် ရန်ကုန်မြို့အပါအဝင် ဒေသတချို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး အအေးလျော့ကျလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။

‘‘လေပွေလှိုင်း အရှိန်ကြောင့် မနက်ဖြန်လည်း မိုးရွာနိုင်သေးတယ်။ အေးတာကတော့ ဟိုအရင်ရက်ကထက် လျော့သွားမယ်။ လေဖိအားနည်းရပ်ဝန်းတွေ မရှိတော့ရင် နည်းနည်းပြန်အေးလာ နိုင်တယ်’’လို့ မိုးဇလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

play
ဒီဇင်ဘာလ ၂၅ ရက်မနက်ပိုင်းက ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မိုးနှင်းများကျနေစဉ်။

 

ဒီဇင်ဘာ ၂၇ ရက် မနက်နဲ့ နေ့လယ်က ရန်ကုန်မြို့ထဲက မြို့နယ်တချို့မှာ နှင်းကျခဲ့ပြီး နေရာကွက် မိုးရွာခဲ့ပါတယ်။ တန်ဘင်မုန်တိုင်းက ဗီ ယက်နမ်နိုင်ငံ ကမ်းခြေနားမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ဒီဇင်ဘာ ၂၆ ရက်နဲ့ ၂၇ ရက်မှာ အားလျော့သွားတာ ဖြစ်ပါတယ်။

အဆိုပါမုန်တိုင်းကနေ ဖြစ်ပေါ်လာတဲ့ လေပွေလှိုင်းအရှိန်ကြောင့် တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးဇလဌာနက သတိပေးထားပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဒီဇင်ဘာ ၂၅ ရက်က စတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းက ဒီဇင်ဘာ ၂၇ ရက် နေ့လယ်မှာ အားပျော့ပျက် ပြယ်သွားပြီဖြစ်ပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD