AD
AD
AD
play

 

အခကြေးငွေယူပြီး ဘင်္ဂါလီခြောက်ဦးကို ကားနဲ့တင်ခေါ်လာတဲ့ ကြေးမုံသတင်းစာက သတင်းထောက်တစ်ဦးကို ဒီဇင်ဘာ ၂၈ ရက်က ပန်းတောင်းမြို့ နယ် ဥသျှစ်ပင်မြို့မှာ ဖမ်းမိခဲ့တယ်လို ပြည်ခရိုင်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

တောင်ကုတ်မြို့ကနေ ပြည်မြို့ဘက်ကို မောင်းနှင်လာတဲ့ တိုယိုတာမတ်တူးအမျိုးအစား အိမ်စီးကားတစ်စီးကို ဥသျှစ်ပင်မြို့၊ ညောင် ကျိုးစစ်ဆေးရေးဂိတ်မှာ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့တားဆီးတာကိုမရပ်ဘဲ ဂိတ်မောင်းတံကို ကားနဲ့တိုက်ပြီးထွက်ပြေးသွားလို့ လိုက်လံဖမ်းဆီးတာကနေ ဥသျှစ်ပင်မြို့မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

‘‘တောင်ကုတ်-ပြည်လမ်းက ညောင်ခြေထောက်ကျေးရွာအနီးမှာ ဖမ်းမိခဲ့တယ်။ ယာဉ်မောင်းဆီက ကြေးမုံသတင်းစာ သတင်း ထောက်ကတ်ပြားနဲ့အတူ ဖမ်းမိ ခဲ့တယ်’’လို့  ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲ မှူးပြုံးလွင်က ပြောပါတယ်။

play

 

ဖမ်းဆီးရမိတဲ့ ဦးစောမိုးကျော်က ကျောက်ဖြူမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ကျောက်ဖြူ မြို့နယ် ကျောက်တစ်လုံးကယ် ဆယ်ရေးစခန်းက ဘင်္ဂါလီခြောက်ဦးကို ငွေကျပ်သိန်း ၂၀ ရယူပြီး ပြည်မြို့ကို လိုက်ပို့ခဲ့တာလို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဦးစောမိုးကျော်ကို ကျွန်ပြုခံစေဖို့ လူခိုးမှု ရာဇသတ်ကြီး ပုဒ်မ ၃၆၇ နဲ့ ဥသျှစ်ပင်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပြီး ဘင်္ဂါလီ ခြောက်ဦးကိုလည်း ၁၉၄၉ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေ ပုဒ်မ ၆ (၂)/၆ (၃) နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ ဦးစောမိုးကျော်က ကျောက်ဖြူမြို့နယ်သတင်းထောက်အဖြစ် ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ သတင်းမပေးပို့တော့လို့ မြို့နယ်သတင်းထောက်အဖြစ် ရပ်ဆိုင်းခံထားရသူဖြစ်ပြီး ဖမ်းမိချိန်မှာတွေ့ရှိတဲ့ သတင်းထောက် အသိမှတ်ပြုကတ်ပြားက မိတ္တူသာဖြစ်ပြီး ကျင့်ဝတ်ဖောက်ဖျက်ခဲ့ရင် သတင်းစာတိုက်က ချက်ချင်း ရပ်ဆိုင်းထုတ်ပယ်တယ်လို့ ကြေးမုံသတင်းစာတိုက်က သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily,Kyay Mon

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD