AD
AD
AD

ရန်ကုန်မြို့ရဲ့ ဒုတိယမြောက်ညဈေးကို ဆိုင်ခန်းပေါင်း ၁၁၅  ခန်းဖြင့် ယနေ့မှစတင်ကာ ရောင်းချနိုင်ရန် လုပ်ဆောင်ထားကြောင်း ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း ကဓူဝံကိုပြောပါတယ်။

play

 

ပုဇွန်တောင်မြို့နယ်၅၂ လမ်းမှာဖွင့်လှစ်မှာဖြစ်တဲ့ ညဈေးမှာ မနက်ပိုင်းဈေးကိုပါ ထည့်သွင်းထားတာဖြစ်ပြီး မနက်ပိုင်းမှာ သားငါး ဟင်းသီးဟင်းရွက်များရောင်းချမည့် ဆိုင်ခန်းပေါင်း ၉၀ ကျော်ပါဝင်အောင် ရောင်းချစေမှာဖြစ်တယ်လို့ သိရပါတယ်။ ညဈေးမှာတော့ အစားအသောက်များနဲ့  ပန်း၊သစ်သီးဝလံများပါ ထည့်သွင်းရောင်းချနိုင်ရန် လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

 

"ကျွန်တော်တို့က မြို့ထဲတ၀ိုက်က လမ်းဘေးဈေးသည်တွေကို နေရာပြန်ပေးတာပါ။ နေရာကိုတော့ ရှစ်ပေပတ်လည်သတ်မှတ်ထားပါတယ်။ အားလုံးက အခမဲ့နီးပါးပါပဲ။ ဒါပေမယ့် ၀န်ဆောင်မှုကြေးတွေလို လုံခြုံရေးစရိတ်တို့၊ တဲစရိတ်တို့လောက်ကိုတော့ မနက်ပိုင်းဈေးသည်တွေကို တစ်သောင်းခွဲနဲ့ ညပိုင်းဈေးသည်တွေကို နှစ်သောင်းသတ်မှတ်ထားပါတယ်။ သူတို့ကို နေရာပေးလိုက်တော့ မြို့ထဲမှာလည်း လမ်းသွားလမ်းလာတွေ အနှောင့်အယှက်မရှိတော့ဘဲ မြို့အင်္ဂါရပ်နဲ့ညီသွားမယ်" လို့  ဦးခင်မောင်ဝင်းက ပြောပါတယ်။

 

ညဈေးမှာရောင်းချမယ့်ဈေးသည်တွေကိုတော့ ယခင် ဗိုလ်တထောင်ဘုရားလမ်း၊ အထက်ပုဇွန်တောင်လမ်း ၊ အောက်ပုဇွန်တောင်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဒုလလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့မှာ ရောင်းချနေတဲ့ လမ်းဘေးဈေးသည်တွေကို စည်းကမ်းရှိစွာ ရောင်းချနိုင်ဖို့  ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ ညဈေးမှာ ရောင်းချနိုင်ဖို့အတွက် ဈေးသည်စာရင်းကို ကောက်ယူထားပြီး စမတ်ကတ်များ ထုတ်ပေးထားတယ်လို့ သိရပါတယ်။ မနက်ပိုင်းဈေးကိုတော့ မနက် ၆ နာရီကနေ နေ့လယ် ၁၁ နာရီထိဖွင့်မှာဖြစ်ပြီး ညဈေးကိုတော့ ညဘက် ၁၂ နာရီလောက်ထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD