AD
AD
AD
play

 

ကုန်ဈေးနှုန်းကျစေချင်ရင် ဟင်းတစ်မယ်ပဲစားရင် ချက်ချင်း ကုန်ဈေးနှုန်းကျမယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက သထုံမြို့မှာ လူထုနဲ့ တွေ့ဆုံတဲ့ အချိန်မှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဇန်န၀ါရီ ၃ ရက် မနက်ပိုင်းက မွန်ပြည်နယ်သထုံမြို့ သုဝဏ္ဏခန်းမမှာ ကျင်းပတဲ့ ပြည်သူလူထုနှင့်တွေ့ဆုံပွဲမှာ ပြည်သူတစ်ဦးရဲ့မေးခွန်းကို ပြည်နယ် ၀န်ကြီးချုပ်က အခုလိုတုံ့ပြန် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘ကုန်ဈေးနှုန်းကို ကျချင် တယ်ဆိုရင် ဟင်းကိုတစ်မည်ပဲ စား။ ဟင်းတစ်မည်ပဲစား တော်ပြီ။ ခဏလေးကုန်ဈေးနှုန်းကျ သွားမယ်’’ လို့ မွန် ဝန်ကြီးချုပ်က ပြောခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောကြားချက်နဲ့ ပတ်သတ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေမြင့်တက်နေပါတယ်။

‘‘ကုန်ဈေးနှုန်းကျချင် တယ်ဆိုရင် လွယ်ပါတယ်။ အလှူတွေမလုပ်နဲ့ဗျာ။ ဟင်းတစ်မျိုးပဲစား။ အလှူမှာ ဟင်းဆယ် မျိုးရှိတယ်။တစ်မျိုးပဲလုပ် ပြီးရောပေါ့။ လွယ်လွယ်လေးပါ ကုန်ဈေး နှုန်းကျဖို့’’လို့ ဒေါက်တာအေးဇံက ကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီး ဆက်ပြောပါတယ်။

"ကုန်ဈေးနှုန်းကျဖို့က လွယ်ပါတယ်။ ပြည်သူတွေ ဟင်းတစ်မျိုးတည်းစားပါ။ အလှူလုပ်ရင်လည်း ဟင်းတစ်မျိုးတည်းစားပါဆိုတဲ့ ၀န်ကြီးချုပ်ရဲ့စကားက ပြည်သူတွေအပေါ်ပုံချလိုက်တဲ့ စကားပဲ။ တာဝန်ရှိသူတစ်ဦးအနေနဲ့ တာဝန်ယူမှု ကင်းမဲ့တဲ့ စကားလို့ပြောချင်တယ်" လို့ သာယာဝတီနိုင်ကျဉ်းဟောင်းတစ်ဦးဖြစ်သလို စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ ကိုဦးဆွေက ပြောပါတယ်။

Source : 7DayDaily

Photo : 7DayDaily,

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD