AD
AD
AD
play

 

ဒီမိုကရက်တစ်အသွင် ကူးပြောင်းရေးကို ဆက်လက်ဖော် ဆောင်နေတဲ့ မြန်မာနိုင်ငံနဲ့ မိတ်ဆွေအနေနှင့်ရော လက်တွဲဖက်အနေနဲ့လည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်ရပ်တည်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံရဲ့ (၇၀) နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပေးပို့တဲ့ သ၀ဏ်လွှာမှာ ထည့်သွင်းရေးသားထားပါတယ်။

‘‘ဇန်န၀ါရီ ၄ ရက်၌ ကျ ရောက်သော မြန်မာနိုင်ငံ၏လွတ် လပ်ရေးနေ့အတွက် ဂုဏ်ယူပါ ကြောင်းနှင့် မြန်မာနိုင်ငံသားများ အတွက် အကောင်းဆုံးဆုမွန် ကောင်းတောင်းပါကြောင်း အမေရိကန်နိုင်ငံသားများက ပြောကြားအပ်ပါသည်’’ ဆိုတဲ့ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရန့်ပေးပို့တဲ့ သ၀ဏ်လွှာကို အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

play

 

သ၀ဏ်လွှာမှာ "အဆွေတော်၏ နိုင်ငံအောင်မြင်မှုအဓွန့်ရှည်ရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများက အတည်ပြုထောက်ခံခဲ့သော ဒီမိုကရက်တစ်စံတန်ဖိုးမှာ အဓိကအရေးပါလျက် ရှိနေသေးပါသည်။ ဒီမိုကရက်တစ်အသွင်ကူးပြောင်းရေးကို ဆက်လက်ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံနှင့် မိတ်ဆွေ အနေနှင့်ရော လက်တွဲဖက်နိုင်ငံ အနေဖြင့်ပါ အမေရိကန်ပြည် ထောင်စုက ဆက်လက်ရပ်တည် လျက်ရှိနေပါမည်"လို့ လည်း ရေးသားဖော်ပြထားပါတယ်။

သမ္မတဟောင်းအိုဘားမား လက်ထက်က မြန်မာနိုင်ငံကို နှစ်ကြိမ်လာရောက်ခဲ့သော်လည်း သမ္မတဒေါ်နယ်လ်ထရန့်တက်လာပြီးနောက် မြန်မာ့ အရေးကို စိတ်ဝင်စားမှု အိုဘားမားထက် သိသိသာသာလျော့ နည်းနိုင်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံ အနောက်ပိုင်းရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး စစ်ဆင်ရေးတွေ ဆောင်ရွက်ရာမှာ တာဝန်ရှိသူလို့ ဆိုတဲ့ တပ်မတော်မှ ဗိုလ်ချုပ်မောင်မောင်စိုးကို အရေးယူပိတ်ဆို့ခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။

Source : 7DayDaily

Photos : US Embassy Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD