play

 

လက်နက်နဲ့ မူးယစ်ဆေးဝါးတွေတွေ့ရှိခဲ့မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ ဖြိုးကိုကိုတင့်ဆန်းအမှုကို ဇန်န၀ါရီလ ၃ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးပြီး ပုဒ်မ ၁၀ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

‘‘တရားခံက အားလုံးရှစ်ဦး ပဲ။ ရှစ်ဦးအပေါ်မှာ အမှုကိုလှည့် ပြီး သူတို့ငြိစွန်းတဲ့ ပုဒ်မတွေနဲ့ပဲ ရဲစစ်ဆေးချက်အရ ထပ်ပြီး တရားစွဲတာ’’လို့ ဒက္ခိဏခရိုင် ဒုတိယ ခရိုင်တရားသူကြီး ဦးခင်မောင်ထွေးက ပြောပါတယ်။

အခုကြားနာခဲ့တဲ့ တရားခွင်ကို သတင်းမီဒီယာတွေကို ဝင်ရောက်နားထောင်ခွင့်ပြုခဲ့ပြီး တယ်လီဖုန်း၊ ကင်မရာတို့ကို ယူဆောင်ခွင့်မပြုခဲ့ပါဘူး။ ဒါပေမယ့် တရားခွင်စစ်ဆေးမှု ပြီးဆုံးတဲ့အချိန်မှာတော့ သတင်းထောက်တွေကို ဒုတိယခရိုင်တရားသူကြီးက အမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲပြု လုပ်ပေးခဲ့ပါတယ်။

play

 

ဇန်နဝါရီ ၃ ရက်မှာ တရားစွဲဆိုတင်ခဲ့တဲ့ အမှုလေးခုက ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေး ပုဒ်မ ၆၇ နှစ်မှု၊ တရားခံပြေး ကျော်ချမ်းငြိမ်းကို ပို့ကုန်၊ သွင်းကုန်ပုဒ်မ ၈၊ ရာဇဝတ်ကျင့် ထုံး ပုဒ်မ ၅၁၂ တို့နဲ့ တရားရုံးတင်ခဲ့တာ ဖြစ်ပါတယ်။

နောက်လာမယ့် ရုံးချိန်းမှာ မြန်မာနိုင်ငံ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၆၇ နဲ့ ပုဒ်မ ၆၃ တို့နဲ့ အေလာရဲစခန်း၊ ဒက္ခိဏရဲစခန်းတို့က ထပ်မံတရားစွဲဆိုမယ်လို့ တရားခွင်မှာ တရားသူကြီး ဦးလှဝင်းက ပြောပါတယ်။

ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲတင်ထားတဲ့ ပုဒ်မတွေက နေပြည်တော်မှာ ဖမ်းဆီးရမိထားတာတွေအတွက်ဖြစ်ပြီး ရန်ကုန်မှာ ဖမ်းဆီးရမိထားတာတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။

၂၀၁၇ အောက်တိုဘာ ၅ ရက်က နေပြည်တော်လေဆိပ်မှာ ဖြိုးကိုကိုတင့်ဆန်းနဲ့ အပေါင်းအပါနှစ်ဦးတို့ရဲ့ ခရီးဆောင်အိတ်ထဲကနေ လက်နက်၊ ကျည်ဆန်၊ စိတ်ကြွဆေးပြားနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်ရှိ ဟိုတယ်နဲ့ နေအိမ်တွေမှာလည်း လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ ထပ်မံဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video