play

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ ဇနီးဒေါ်စုစုလွင်တို့က တည်ခင်းဧည့်ခံတဲ့ ၂၀၁၈ ခုနှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနဲ့ ညစာစားပွဲ အခမ်းအနားကို ဒီနေ့ ( ဇန်န၀ါရီလ ၄ ရက် ) ညနေပိုင်းက နေပြည်တော် နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။

play

 

အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး ဒေါ်နန့်ကြင်ကြည်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ နဲ့ သံတမန်တွေအပါအ၀င် ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ပါတယ်။

play

 

နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲနဲ့  ညစာစားပွဲမှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်ဂုဏ်ပြုကြပြီး ညစာမသုံးဆောင်ခင်နဲ့ သုံးဆောင်နေတုန်းအချိန်မှာ တေးသံရှင်တွေက မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နဲ့တွဲဖက်ပြီး ဧည့်ခံဖျော်ဖြေ ခဲ့ကြပါတယ်။

Source & Photos : MOI

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video