AD
AD
AD
play

 

တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)တို့အကြား နိုဝင်ဘာ ၁၃ ရက်ကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့) အထိ တစ်လခွဲခန့်အတွင်း KIA တပ်စခန်း ၂၂ ခု သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်ပြီး နမ့်ခမ်းမြို့ရဲ့ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာမှာ တပ်မတော်စစ်ကြောင်းတွေက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၃ ရက်အထိ KIA အကြမ်းဖက်သောင်းကျန်းသူတွေရဲ့ စခန်းငယ် ၁၈ ခုကို သိမ်းပိုက်ရရှိခဲ့ပြီး ဇန်န၀ါရီလ ၄ ရက်နေ့မှာ အဓိကစခန်း လေး ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

play

 

တပ်မတော်က KIA အကြမ်းဖက် သောင်းကျန်းသူတွေရဲ့ အဓိကစခန်းတွေဖြစ်တဲ့ (C4) တောင်ကုန်း၊ (C3) တောင်ကုန်း၊ (C1) တောင်ကုန်းနဲ့ (C2) တောင်ကုန်းတို့ကို ဇန်န၀ါရီလ ၄ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ထိတွေ့မှုဖြစ်စဉ်တွေအရ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တည်ဆောက်ထားတဲ့ ကတုတ်ကျင်းများ၊ အဆောက်အဦများ၊ ဆက်ကြေးကောက်ခံရာမှာ အသုံးပြုတဲ့ ပြေစာဖြတ်ပိုင်းနဲ့ လယ်ဂျာစာအုပ်များ၊ လက်နက်ငယ်များနှင့် ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Source & Photos : DSO

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD