play

 

သထုံမြို့မှာ လူထုနဲ့တွေ့ဆုံတဲ့ အချိန်မှာ ပြောခဲ့တဲ့ ဟင်းတစ်မည်ပဲစားရင် ချက်ချင်း ကုန်ဈေးနှုန်းကျမယ်ဆိုတဲ့ စကားကို မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြန်လည် ဖြေရှင်းလိုက်ပါတယ်။

ကုန်ဈေးနှုန်းကျ ဆင်းစေချင်ရင် ဟင်းတစ်မည်ပဲချက်စားလို့ ပြောဆိုခဲ့တာက ပြည်သူတို့ပိုငွေတွေကို ရင်းနှီးမြှုပ်နှံတာတွေပြုလုပ်ဖို့ ပြောဆိုတာဖြစ်တယ်လို့ ဇန်န၀ါရီလ ၄ ရက်နေ့က မွန်ပြည်နယ်မော်လမြိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ဒေါက်တာအေးဇံက ပြန်လည် ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘ပြည်သူတွေအနေနဲ့ ဟင်း တစ်မည်တည်းနဲ့စားပြီး ခြိုးခြံချွေ တာပြီး ပိုတဲ့ငွေကို ရင်းနှီးမြှုပ်နှံ ကြမယ်ဆိုရင် ကုန်ဈေးနှုန်းကျ သွားမှာဖြစ်လို့ ပိုပြီးသင့်လျော် မယ်လို့ ပြောတာပါ။ အလှူမှာ လည်း ဒီလိုပဲ ဥပမာပြောရင် သထုံကိုပဲပြောမယ်။ ရောင်ခြည် တော်လွှတ်တဲ့ ငါးရက်မှာ စတုဒိ သာ ကျွေးတာ ကြောက်စရာကြီး နည်းနည်းနောနော မဟုတ်ဘူး။ ဟင်းငါးမျိုး၊ ခြောက်မျိုးလောက် ရှိတယ်။ စားတဲ့လူတွေက စားပြီး ထွက်သွားကြတယ်။ ကျွန်တော့်အ မြင်မှာတော့ အကုန်အကျများ လွန်းတယ်။ ဒါတွေကို ရင်းနှီးမြှုပ် နှံလိုက်ရင် ပိုပြီးသင့်လျော်မယ်။ ဖြစ်နိုင်မယ်ဆိုရင် ဟင်းတစ်မည်တည်းနဲ့ စားပြီး ရင်းနှီးမြှုပ်နှံကြပါလို့ ပြောချင်ပါတယ်’’လို့ ဒေါက်တာအေးဇံက ပြောခဲ့တာပါ။

မွန်ပြည်နယ် အစိုးရအနေနဲ့ လူထုနဲ့ အစိုးရကြားတွေ့ ဆုံပွဲကို မြို့နယ်အလိုက် ကျင်းပသွားမှာဖြစ်ကာ သထုံမြို့နယ်မှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲမှာ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်အဖွဲ့၊ ဌာနဆိုင်ရာတွေနဲ့ ဒေသခံ ၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။

Source : 7DayDaily

Photos : NLD,Mon State Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video