AD
AD
AD
play

 

ရာထူးကနေ အနားယူနုတ်ထွက်မယ်လို့ ကာလရှည်ကြာသတင်းတွေထွက်ပေါ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမန်းဂျော်နီကို သူ့ရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်များအရ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီကို ယင်း၏ သဘောဆန္ဒအလျောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်"လို့ နိုင်ငံတော်သမ္မတရုံးက ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

play

ဒါ့အပြင် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဘဟိန်းကိုလည်း ဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်အပါအဝင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်နဲ့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့်တို့ကလည်း ရာထူးကနေ နုတ်ထွက်စာတင်ထားတယ်လို့ သိရပါတယ်။

NLD အစိုးရလက်ထက်မှာ ၀န်ကြီးချုပ်ဦးမန်းဂျော်နီက မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးပြီးရင် ဒုတိယမြောက်ရာထူးကနေ နုတ်ထွက်တဲ့ ၀န်ကြီးချုပ်ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဝန်ကြီးချုပ်နှစ်ဦး နုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးတံဆိပ်နဲ့ ထုတ်ပြန်ချက်အတုတွေ ထွက်ပေါ်နေတဲ့အပေါ် စတင်ဖြန့်ချိတဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်အကောင့်နဲ့ စာမျက်နှာတွေကို သမ္မတရုံးကို အကြောင်းကြားဖို့ သတင်းထုတ်ပြန်ခဲ့ဘူးပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD