AD
AD
AD
play
၂၀၁၇ အတွင်း ဆုံးရှုံးမှုတန်ဖိုးအများဆုံးဖြစ်ခဲ့သည့် ကန်တော်ကြီးပဲလေစ့်ဟိုတယ်မီးလောင်မှု။

 

၂၀၁၇ အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မီးလောင်မှု ၁,၈၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း လေးသောင်းကျော် ရှိတယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေမှာ ပေါ့ဆမီးကြောင့်ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုက အကြိမ်ရေအများဆုံးဖြစ်ပြီး အကြိမ်ခြောက်ရာကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာထဲမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုက ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး တန်ဖိုးကျပ် သန်းသုံး သောင်းခုနစ်ထောင်ကျော်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ထက် ၂၀၁၇ မှာ မီးလောင်မှု ၁၅ ကြိမ်ခန့် လျော့နည်းခဲ့ပေမယ့် ဆုံး ရှုံးမှုတန်ဖိုး ကျပ်သန်းခြောက် ထောင်ကျော်ပိုမိုများပြားခဲ့တယ်လို့ သိရပါတယ်။

play

 

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးအများဆုံးလက အောက်တိုဘာဖြစ်ပြီး မီးလောင်မှုအကြိမ်တစ်ရာကျော်ပဲ ရှိခဲ့ပေမယ့် ကျပ်သန်း သုံးသောင်း ခုနစ်ထောင်ကျော်ဖိုး ဆုံးရှုံးခဲ့ပါတယ်။ အဆိုပါ ဆုံးရှုံးမှုတန်ဖိုးက ၂၀၁၅ ကနေ ၂၀၁၇ အထိ သုံးနှစ်အတွင်း ဆုံးရှုံးမှုပမာဏ အများဆုံး ဖြစ်ပါတယ်။

၂၀၁၇ အတွင်း မီးလောင်မှုတွေကြောင့် လူတစ်ရာကျော် သေဆုံးခဲ့ပြီး အဆောက်အအုံ သုံးထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

Source : 7DayDaily

Photos :

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD