AD
AD
AD
play

 

၂၀၁၆ စက်တင်ဘာ ၁၈ ရက်က တွံတေးမြို့နယ် ပိတ်ဆွယ်ကျေးရွာမှာနေတဲ့ အသက် (၇၇)နှစ်အရွယ် အဘွားအိုကို လုယက်မှုကျူးလွန်ပြီး နေအိမ်ပေါ် တက်ရောက်သတ်ဖြတ်ခဲ့တဲ့ အမျိုးသားနှစ်ဦးကို တောင်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမှုကို တောင်ပိုင်း ခရိုင်တရားရုံး ခရိုင်တရားသူကြီးက တာဝန်ယူစစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ၊ တရားခံပြသက်သေတွေကို စစ်ဆေးကာ စွဲချက်တင်ခဲ့ပြီး ပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀၊ ပုဒ်မ ၃၉၄ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် သီးခြားစီကျခံစေဖို့ ဇန်နဝါရီ ၈ ရက်က အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

‘‘အခု တရားရုံးက ချလိုက် တဲ့ ပြစ်ဒဏ်ကိုတော့ ကျေနပ်ပါ တယ်။ ကျွန်တော့်အမေကလည်း ဆုံးသွားပြီ။ ဒီဟာကလည်း ဖြစ် သင့်ဖြစ်ထိုက်တဲ့ ပြစ်ဒဏ်လေ’’လို့ သေဆုံးသူ အဘွားအိုရဲ့ သား ကိုသန်းထွဋ်က ပြောပါတယ်။

အဆိုပါအမှုကို အခင်းဖြစ်ပွားတဲ့ နေ့ကစပြီး တစ်နှစ်သုံးလကျော်အကြာမှာ အမိန့်ချမှတ်ခဲ့ပြီး တရားသူကြီးက တရားခံထက်ကိုကိုနဲ့ ဝေယံတို့ကို လူသတ်မှု ပုဒ်မ ၃၀၂ (၂)ရဲ့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခဲ့ပြီး လုယက်မှု ကျူးလွန်ရာမှာ နာကျင်စေမှုပုဒ်မ ၃၉၄ ရဲ့ အနိမ့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD