play

 

ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၂၃ မြို့နယ်မှာ နှစ်ရက်အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်တာတွေ ဖြစ်ပေါ်မယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အပတ်စဉ်ဆောင်ရွက်နေတဲ့ ဓာတ်အားခွဲရုံနဲ့ ဓာတ်အားလိုင်းတွေထိန်းသိမ်းပြုပြင် ထိန်းသိမ်းတာတွေနဲ့ ဓာတ်အားလိုင်းနဲ့ မလွတ်ကင်းတဲ့ သစ်ပင်၊ သစ်ကိုင်းတွေ ခုတ်ထွင်းရှင်းလင်းတဲ့ လုပ်ငန်းတွေကို ဇန်န၀ါရီလ ၉ ရက်ကနေ ၁၁ နေ့အထိ ဆောင်ရွက်မှာဖြစ်လို့ အဆိုပါရက်တွေမှာ နေ့စဉ် မနက် ၉း၀၀ နာရီကနေ မွန်းတည့် ၁၂း၀၀ နာရီအထိ အချိန်ပိုင်းယာယီ ဓာတ်အားပြတ်တောက်မယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

play

 

ဒီလိုလုပ်ငန်းတွေ ဆောင်ရွက်နေတုန်းမှာ ရန်ကုန်တိုင်းထဲက အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ထန်းတပင်၊ လှိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ ဗဟန်း၊ လမ်းမတော်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်မြို့နယ်တွေက ရပ်ကွက်တချို့မှာ ဓာတ်အားပြတ်တောက်မယ်လို့ ဆိုပါတယ်။

ဓာတ်အားပြတ်တောက်မှုတွေကြောင့် လူမှုရေးအခက်အခဲတွေ ပေါ်ပေါက်နိုင်မှုတွေပေါ်ပေါက်လာနိုင်တာကြောင့် နားလည်ခွင့်လွတ်ပေးဖို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အများပြည်သူကို အသိပေးပန်ကြားထားတာ ဖြစ်ပါတယ်။

Source : YESB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video