play
ကိုသက်ဦးမောင်(ခ)၀လုံးနဲ့ ကိုကျော်စိုးဦး (ခ)မိုးအောင်တို့ နှစ်ဦးကို ဒီနေ့မနက်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့စဉ်။

 

နိုင်ငံတော်လျို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုတာ ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်(ခ)၀လုံးနဲ့ ကိုကျော်စိုးဦး (ခ)မိုးအောင်တို့နှစ်ဦးကို ဒီနေ့(ဇန်န၀ါရီ ၁၀)မနက်ပိုင်းက မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒုတိယအကြိမ်ရုံးထုတ်ခဲ့ပါတယ်။

ဒီနေ့ရုံးထုတ်မှာ မြောက်ပိုင်းခရိုင်တရားသူကြီးက သူတို့ နှစ်ဦးကို မူလက စွပ်စွဲထားတဲ့ နိုင်ငံတော်လျှို့ ဝှက်ချက်အက်ဥပဒေ ပုဒ်မနဲ့ပဲ တရားစွဲဆိုခဲ့တယ်လို့ အဆိုပါသတင်းထောက်နှစ်ဦးရဲ့ အမှုကိုလိုက်ပါဆောင်ရွက်နေ့တဲ့ အကျိုးဆောင်ရှေ့နေ ကိုခင်မောင်ဇော်က ပြောပါတယ်။

"ကျနော်တို့က အမှန်တရားကို ထုတ်ဖော်ဖို့ကြိုးစားခဲ့တာကို ဖမ်းဆီးခံခဲ့ရတာပါ"လို့ ကိုဝလုံးက နာရီဝက်ပတ်ဝန်းကျင် အမှုကြားနာမှုပြီးလို့ ပြန်ထွက်လာတဲ့ အချိန်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီနေ့မှာ တရားခံတွေရဲ့ရှေ့နေက အာမခံထပ်မံလျောက်ထားခဲ့ပြီး အာမခံရမရ တရားရုံးရဲ့ အဆုံးအဖြတ်ကို လာမယ့် ဇန်န၀ါရီလ ၂၃ ရက်နေ့ ရုံးချိန်းမှာ သိရမယ်လို့ ဆိုပါတယ်။

play

 

ရိုက်တာသတင်းဌာနက သတင်းထောက် ကိုသက်ဦးမောင်(ခ)၀လုံးနဲ့ ကိုကျော်စိုးဦး (ခ)မိုးအောင်တို့နှစ်ဦးက ရခိုင်ပြည်နယ်က ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စည်းရုံးပြီး အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောက်ကြန့်နယ်မြေ ရဲစခန်းမှာ ဒီဇင်ဘာလ ၁၂ နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ−၃ က နိုင်ငံတော်ကိုဖြစ်စေ၊ နိုင်ငံအကျိုးကိုဖြစ်စေ ထိခိုက်စေတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရင် ထောင်ဒဏ်သုံးနှစ်ကနေ အမြင့်ဆုံး ၁၄ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်။

Source & Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video