AD
AD
AD
play

 

ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ခရစ္စမတ်နဲ့ နှစ်သစ်ကူး ပွဲတော်ကာလအတွင်း  ရန်ကုန်မြို့မှာ သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုအပါအ၀င် လူသတ်မှု သုံးခုနဲ့ ယာဉ်မတော်တဆမှုပေါင်း ၃၉ မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နှစ်သစ်ကူးညက သုဝဏ္ဏမြို့နယ် The One Entertainment မှာ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့ဖြစ်စဉ်က လူသိများတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပြီး ဒီဖြစ်စဉ်မှာ အုပ်စုဖွဲ့ ရိုက်နှက်တာကနေ သေဆုံးခဲ့တာဖြစ်လို့ လုံခြုံရေး အားနည်းမှုကြောင့် ဖြစ်ရတာလို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ရန်ကုန်မြို့ ဖျော်ဖြေရေးပွဲတွေ ကျင်းပရာမှာ လုံခြုံရေးနဲ့ ပတ်သက်လို့ ကုမ္ပဏီတွေက ငှားရမ်းထားတဲ့ Public Security တွေကသာ တာဝန်ယူတာဖြစ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လှည့်ကင်းသဘောမျိုးနဲ့သာ တာဝန်ယူဆောင်ရွက်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ရဲမှူးလှဝေက ပြောပါတယ်။

play

 

“ အဲဒီနေ့ကပွဲမှာ လာတဲ့ လူကတော့ နည်းပါတယ်။ အဲဒါတောင်မှ လုံခြုံရေးက တော်တော်အားနည်းတာကို တွေ့ရတယ် “လို့ နှစ်သစ်ကူးညက The One Entertainment ပွဲကို  လာရောက်သူတချို့က ပြောပါတယ်။

ဒါ့အပြင် လှိုင်မြို့နယ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာလည်း နှစ်သစ်ကူးညက အရက်သောက်ရင်း စကားများရန်ဖြစ်ရာကနေ လူသတ်မှု နှစ်မှု ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးလှဝေက ပြောပါတယ်။

“ပုံမှန်ဆောင်ရွက်နေတဲ့ လုံခြုံရေးထက သာလွန်တဲ့ အင်အားနဲ့ဆောင်ရွက်ခဲ့တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ လုံခြုံရေး ကျိုးပေါက်မှု မရှိခဲ့ဘူး’’လို့ ရဲမှူးလှဝေက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၇ ခုနှစ်အတွင်း လူသတ်မှု ၁၅၆ မှုနဲ့ လုယက်မှု ၄၅ မှု ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၆ မှာတော့ လူသတ်မှု ၁၈၀ မှုနဲ့ လုယက်မှု ၅၁ မှုဖြစ်ပွားခဲ့တာကြောင့် ၂၀၁၇ မှာ အမှုကြီးဖြစ်ပွားမှုနှုန်း လျော့ကျခဲ့ပေမယ့် မုဒိမ်းမှုကတော့  အရင်နှစ်ထက် ၄၁ မှု ပိုမိုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD