AD
AD
AD
play

 

ရာထူးက အနားယူသွားတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးနေရာ ပြန်လည်ရွေးချယ်နိုင်ဖို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးကို ဇန်နဝါရီ ၁၅ ရက်မှာ ကျင်းပဖို့ ခေါ်ယူထားပြီး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တချို့ ဝန်ကြီးချုပ်ဖြစ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးဘဟိန်းတို့က ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက် ခွင့်တင်ထားပြီး နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုလိုက်တဲ့နောက်ပိုင်း အခုလိုသတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

play
ဧရာဝတီတိုင်းဝန်ကြီးချုပ်အသစ် ဖြစ်လာဖို့ ရေပန်းစားနေသည့် ဒေါက်တာလှမြတ်သွေး။

 

 “အများကတော့ ဒေါက်တာလှမြတ်သွေး ဖြစ်နိုင်တယ်ပေါ့နော်၊ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်ထဲက ထက်မြက်တဲ့သူကို တာဝန်ပေးမယ်၊ ဘာမယ်နဲ့ သတင်းတွေ ထွက်နေတော့ အစ်မကိုပဲ အများက ထင်ကြေးပေးနေကြတာပါ၊ နောက်ပြီး မြောင်းမြက အစ်မ ဒေါ်ခိုင်ဇင်ဦးကို လူမှုရေးဝန်ကြီး တာဝန်ပေးမယ်လို့လည်း ကြားရတယ်၊ ဘယ်သူတွေဖြစ်မလဲ ဆိုတာကတော့ အရေးပေါ် အစည်းအဝေး ခေါ်ထားတော့ စောင့်ကြည့်ရမှာပေါ့လေ”လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီက ၉ ဦးနှင့် USDP မှ ၁ ဦး စုစုပေါင်း ၁၀ ဦးရှိပါတယ်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများမှာ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ရွေးကောက် တင်မြှောက်ရမှာဖြစ်ပြီး ဝန်ကြီးချုပ်ကို နိုင်ငံတော်သမ္မတက အဆိုပြု တင်သွင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော်က အတည်ပြု ခန့်အပ်ရမှာ ဖြစ်ပါတယ်။

Source : The Voice

Photos : Ayarwaddy Region Government Office

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD