AD
AD
AD
play

 

ဇန်န၀ါရီ ၁၀ ရက် မွန်းလွဲ ၁၂ နာရီလောက်က ချမ်းမြသာစည်မြို့နယ်တရားရုံးကို ရုံးချိန်းလာရောက်တဲ့ အမျိုးသမီးတစ်ဦးကို အမည်မသိလူတစ် ဦးက ဓားနဲ့ထိုးခဲ့လို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးကို ပို့ဆောင်တုန်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ထဲမှာ နေထိုင်တဲ့ အသက် ၆၆ နှစ်အရွယ် ဒေါ်ဝင်းကြည်က ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ အသေရေဖျက်မှု ပုဒ်မ-၅၀၀ နဲ့ တရားစွဲဆိုခံထားရလို့ ရုံးချိန်းအပြီးအပြန် တရားရုံးအထွက်လမ်းကြားနဲ့ ၇၈ လမ်းမဆုံတဲ့နေရာအရောက် ကားပေါ်တက်နေတုန်းမှာ အမျိုးသားတစ်ဦးက ဒေါ်ဝင်းကြည်ရဲ့ ဝဲဘက်နံကြားကို ဓားနဲ့ထိုးပြီးထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ရပ်မှာ ပြစ်မှုကျူးလွန်သူက အသားညို၊ အရပ်(၅)ပေ(၅)လက်မခန့်၊ ပုဆိုးကွက်စိပ်အညို ရောင်၊ ခေါင်းစွပ်မီးခိုးရောင် အင်္ကျီဝတ်ထားကာ လူပုံပိန်ပါးပါး၊ လျာထိုးဦးထုပ်အဖြူရောင်ဆောင်းထားတယ်လို့ အမှတ်(၁၁) နယ်မြေရဲစခန်းကနေ သိရပါတယ်။

အဆိုပါပြစ်မှုကျူးလွန်သူက ၇၈ လမ်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာကို သတိထားမိကြောင်း၊ ယောက္ခမဖြစ်သူက တရားရုံးမှထွက်လာတာကို သွားကြိုတုန်းမှာ အဆိုပါလူက ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာကို မြင်ရတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှတ်(၁၁)နယ်မြေရဲစခန်းက ပြစ်မှုကျုးလွန်သူကို (ပ)၂၆/၂၀၁၈၊ ပြစ်မှုပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားပြီး အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : News Watch

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD