play

 

ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းနယ်မြေ ဖားကန့်မှာ မြေစာပုံပြိုကျမှုတွေ ဖြစ်ပွားခဲ့လို့ တစ်ပတ်အတွင်း လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့ပြီး နောက်ထပ်သေဆုံးမှု မဖြစ်ပွားအောင်အဖြေရှာဖို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

ဖားကန့်မြို့မှာ ဇန်န၀ါရီ ၄ ရက်က တစ်ကြိမ်၊ ဇန်န၀ါရီ ၆ ရက်က တစ်ကြိမ် မြေစာပုံပြိုကျပြီး၁၁ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကာ ဇန်န၀ါရီ ၁၀ ရက် မနက် ၁၀ နာရီလောက်ကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ကျေးရွာမှာရှိတဲ့ ပေ ၃၀၀ လောက်မြင့်တဲ့ မြေစာပုံတစ်ပုံတစ်ခု ပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူတချို့ မြေပိသေဆုံးခဲ့ပါတယ်။

play

 

‘‘မြေပိသွားတာ လူဘယ် လောက်ပါတယ်တော့ မပြောနိုင်သေးဘူး။ ညနေအထိတော့ သုံးလောင်းတွေ့တယ်။ ထပ်ရှာနေတယ်’’လို့ ကယ်ဆယ်ရှာဖွေရေး လုပ်နေတဲ့ သင်္ခါလူမှုကူညီရေး အသင်းမှ ဦးဆိုင်းတောင်က ပြောပါတယ်။ ရုပ်အလောင်းပြန်တွေ့သူ သုံးဦးက စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးနဲ့ ဂန့်ဂေါမြို့တွေက ဖြစ်ပြီး လူ ၁၀ ဦးအထက် မြေပိပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံလူမှုရေး အဖွဲ့တွေက ပြိုကျမြေစာပုံအတွင်း မြေပိသူတွေကို မြေတူးစက်သုံးစီးနဲ့ ဆက်လက်ရှာဖွေနေပြီး ပျောက်ဆုံးသူ လူဦးရေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

Source : 7DayDaily

Photos : Zaw Moe Htet

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video