AD
AD
AD
play
အင်းဝ အပ်ချုပ်ဆိုင်မိသားစုကို ရုံးထုတ်ခဲ့သည့် မြင်ကွင်း။

 

အိမ်အကူ အမျိုးသမီးနှစ်ဦးကို လုပ်ခလစာအပြည့်မပေးဘဲ နှိပ်စက်ညှင်းပန်းမှုကြောင့် ထောင်ဒဏ် ၁၆ နှစ်ကျခံနေရတဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ ဇန်နဝါရီလ ၁၃ ရက်၊ ည ၁၁ နာရီက အင်းစိန်ထောင်ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ သူနဲ့ ဆွေမျိုးတော်စပ်သူ ဦးမောင်မောင်က ပြောပါတယ်။

"ဆီးချိုရှိပါတယ် ဆုံးတာကလည်း ဆီးချိုရောဂါကြောင့်ဆုံးတာပါ။ သူက တရားရင်ဆိုင်နေကတည်းက Wheelchair နဲ့လာနေရတာ။ အနာက ခြေသလုံးအလယ်ထိ လှိုက်စားနေပြီ၊ အဲ့ဒါကို ခွဲမယ်လုပ်နေတုန်း အဲ့ဒီထိတောင် မရောက်လိုက်ဘဲ ဆုံးသွားတာပါ"လို့ ဦးမောင်မောင်က ဓူဝံမီဒီယာကို ပြောပါတယ်။

play

 

အသက် ၅၇ နှစ်ရှိ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာက ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ထောင်ဒဏ် ၁၆ နှစ်နဲ့ တစ်လ ပြစ်ဒဏ်ကျခံနေရပြီး တစ်လအကြာမှာ ဆီးချိုရောဂါနဲ့ ကွယ်လွန်ခဲ့လို့ ဒီနေ့( ဇန်န၀ါရီလ ၁၄ ) မွန်းလွဲ နှစ်နာရီမှာ ရေဝေးသုဿန်က အစ္စလာမ် သချိုင်းမှာ မြေမြှုပ်သဂြိုဟ်ခဲ့ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်အမှုကို ၂၀၁၆ စက်တင်ဘာကစတင်ပြီး တစ်ပတ်ကို ရုံးချိန်းနှစ်ချိန်းနဲ့ စစ်ဆေးခဲ့ရာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာ၊ သမီးငယ် မစုမွန်လတ်၊ သား ကိုတင်မင်းလတ်နဲ့ သမက်ဦးရာဇာထွန်းတို့ကို ကလေးသူငယ် ဆိုင်ရာဥပဒေပုဒ်မ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မအပါအ၀င် ပုဒ်မလေးခုနဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD