AD
AD
AD

ကမ္ဘာနဲ့လည်း အနီးကပ်ဆုံးဖြစ် တလတည်းမှာပဲ ဒုတိယလပြည့်နဲ့ လကြတ်ခြင်းစတဲ့ ထူးခြားဖြစ်စဉ်သုံးမျိုးစလုံးကို ဇန်န၀ါရီလ ၃၁ရက်နေ့မှာ ဖြစ်ပေါ်မှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို အရှေ့အာရှမှာ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံတချို့မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

play

 

စူပါမွန်းလို့ ခေါ်တဲ့ လကို ကမ္ဘာနဲ့ အနီးကပ်ဆုံး မြင်ရတဲ့ ဖြစ်စဉ်ကြောင့် လကို ခါတိုင်းထပ် ပိုပြီး ထိန်လင်းပြီး မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် လပြာ လို့ခေါ်တဲ့ တလတည်းမှာ လပြည့်ရက် နှစ်ရက်ဖြစ်တဲ့ ဖြစ်စဉ်၊ Bloodmoon လို့ ခေါ်တဲ့ သွေးရောင်လကြတ်ခြင်းဖြစ်စဉ် သုံမျိုးစလုံးပါဝင်တာကြောင့် ဒီနေ့တွေ့ရမယ့် လကြတ်ခြင်းဖြစ်စဉ်ကို Super Blue Blood Moon လို့ခေါ်ပါတယ်။

ဖြစ်စဉ်အစအဆုံးအချိန် ၄ နာရီ ၄၅ မိနစ်ခန့် ကြာမှာဖြစ်ပြီး အပြည့်ကြတ်ခြင်း ကြာချိန် ၁ နာရီ ၁၆ မိနစ် ကြာမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ နက္ခတာရာနှင့် သိပ္ပံဝါသနာရှင်များအသင်းရဲ့ဖေ့ဘွတ်မှာ ဖော်ပြထားပါတယ်။

လကြတ်ခြင်းဖြစ်စဉ်အချိန်ဇယား

လထွက် ချိန် - ညနေ ၅နာရီ ၅၂မိနစ်
လတစ်စိတ်တစ်ပိုင်း စကြတ်ချိန် - ညနေ ၆နာရီ ၁၈မိနစ်
လအပြည့်စကြတ်ချိန် - ည ၇နာရီ ၂၁မိနစ်
လအပြည့်ကြတ်ချိန် -  ည ၇နာရီ ၅၉မိနစ်
လအပြည့်ကြတ်ခြင်း ပြီးဆုံးချိန် - ည ၈နာရီ ၃၇မိနစ်
လတစ်စိတ်တစ်ပိုင်း ကြတ်ခြင်းပြီးဆုံးချိန် - ည ၉နာရီ ၄၁မိနစ်

စူပါမွန်း၊ သွေးရောင် လကြတ်ခြင်း နဲ့ လပြာစတဲ့  ၃ ခု လုံးပါတဲ့ ဖြစ်စဉ်ကို  ၁၉၈၂ ခုနှစ် မှာ ကမ္ဘာပေါ်မှာ နောက်ဆုံး မြင်တွေ့ခဲ့ပြီး၊ နောက်တစ်ကြိမ်အနေနဲ့ ၂၀၃၇ ခုနှစ်မှာ ထပ်မံမြင်တွေ့ရဖို့ ရှိတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD