AD
AD
AD

ပြီးခဲ့တဲ့ရက်ပိုင်းက စမ်းချာင်းမြို့နယ် မှာ (၄)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးရဲ့  ခေါင်းကို ရိုက်ပြီး အဓမ္မ ပြုကျင့်ခဲ့တဲ့ သတင်းတွေ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာပေါ်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

ကနဦး ဖြစ်စဉ်အရ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်အစောပိုင်း စမ်းချောင်းမြို့၊ ပန်းလှိုင်ဘူတာပန်းလှိုင်လမ်းခုံးတံတားအောက်မှာ ကျပန်းလုပ်ကိုင်တဲ့ မိသားစုမှ အသက် (၄)နှစ်အရွယ် မိန်းကလေးပျောက်ဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် Sein Mya Thway Phyuက သူ့ရဲ့ စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

“ဒီ မနက်​​ သူ့ အ​ဖေ တံမြတ်​စည်းလှည်းတဲ့ အချိန်​၊ သူ့အ​မေ ကို လည်​ပင်းညစ်​ပြီး အရင်မဒိန်းကျင့်ဖို့ ကြိုးစားတာပါတဲ့ သူ့အမေက လန့်ပီးအော်လိုက်တော့ အမေကို ဓားထောက်ပီး အဲ့ ၄နှစ်​ က​လေး ​လေး ကို ​ခေါ်သွားတာပဲ။”

“မနက်​ ၆နာရီ​လောက်​ကျမှ အဲ့ က​လေး ​လေးက ​ခေါင်းမှာ​ရော၊ ​အောက်​ပိုင်း​ရော ​သွေး​တွေ ရွှဲပြီး လမ်း​လျှောက်​လာတာကို ဘူတာက လူ​တွေက​တွေ့တယ်​။ တိုက်​တိုက်​ဆိုင်​ဆိုင်​ ​နေပြည်​​တော်​ နိုင်​ငံ​တော်​​ကောင်​စည်​ရုံးမှာ လုပ်​တဲ့ အမျိုးသမီးက ပိတ်​ရက်​ အိမ်​ပြန်​​ရောက်​ရင်း ဘူတာဘက်​ ထွက်​တဲ့အချိန်​ အဲ့က​လေးကို ​တွေ့တယ်​။” လို့ ဖော်ပြထားပါတယ်။

သက်ဆိုင်ရာကို အကြောင်းကြားပြီးတဲ့နောက်မှာတော့ ဒဏ်ရာတွေနဲ့ အဲဒီမိန်းကလေးကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ စမ်းချောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ဓူဝံကို  ပြောပါတယ်။

“ အခုတော့ ကလေးကို ရန်ကုန်ဆေးရုံကြီးကနေ ကလေးဆေးရုံကြီးကို ပြောင်းရွှေ့ ပြီး အထူးကြပ်မတ်ကုသဆောင်မှာ ကုသနေပါတယ်။ လောလောဆယ်တော့ လူမှုဝန်ထမ်းနဲ့ တိုင်ပင်ပြီး ဘယ်လို ထောက်ပံ့မှုတွေ လုပ်ပေးမလဲဆိုတာ ဆောင်ရွက်နေပါတယ်။ လက်ရှိ အချိန်ထိ တရားခံကို မမိသေးဘူး။ လို့ ဦးသော်တာအောင်က ဓူဝံမီဒီယာကို ပြောပါတယ်။

လောလောဆယ်အချိန်အထိ ပြစ်မှုကျူးလွန်တဲ့ တရားကို ဖမ်းဆီးရယူနိုင်ခြင်း မရှိသေးကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူကို  စမ်းချောင်းမြို့မရဲစခန်းက (ပ) ၄၆/ ၂၀၁၈ ၊ ပုဒ်မ ၃၇၆/ ၃၂၅ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်ုတိုင်းဒေသကြီးမှာ မုဒိမ်းမှုပေါင်း ၂၇၀ မှု ဖြစ်ပွားခဲ့တဲ့ အနက် သက်ငယ်မုဒိမ်းမှုပေါင်း ၇၀ မှုခန့် ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD