AD
AD
AD

မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့ က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ မြောက်ဒဂုံတရားရုံးအနီးမှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

FDA ၀န်ထမ်းအမျိုးသမီးကို အဓမ္မကျင့် သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့တဲ့ ကျူးလွန်သူ အဌားယာဉ်မောင်း မျိုးဇော်ဦးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ တွင် ဒုတိယအကြိမ်အဖြစ် မြောက်ဒဂုံတရားရုံးမှာရုံးထုတ်မှာ ဖြစ်ရာ အဲဒီအနီးတစ်ဝိုက်မှာ ပြုလုပ်ရခြင်းဖြစ်တယ်လို့လည်း အဆိုပါ အဖွဲ့မှ ခေါင်းဆောင် ဒေါ်နှင်းရည်အေးက ပြောပါတယ်။

 

play

 

“ အဓိကကတော့ မုဒိမ်းမှုကျူးလွန်တဲ့သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့အတွက် လှုပ်ရှားမှုလုပ်တဲ့သဘောပါ။ “ လို့ ဒေါ်နှင်းရည်အေးက ဓူဝံ မီဒီယာကို ပြောပါတယ်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတနဲ့နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံကို အိတ်ဖွင့်ပေးစားလည်း ပေးပို့သွားမှာ ဖြစ်ပြီး ထိထိရောက်ရောက် အရေးယူနိုင်ဖို့  ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

 သေဆုံးခဲ့တဲ့ မရွှေရည်ဝင်းအတွက် မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြီး ဇန်န၀ါရီလ ၂၈ ရက်နေ့က ရွှေတိဂုံစေတီတော်မှာ ဆုတောင်းပွဲ ပြုလုပ်ပေးခဲ့ရာ ပြည်သူများနဲ့ သေဆုံးသူမိသားစုဝင်တွေ ပါဝင် ခဲ့ကြတယ်လို့လည်း သိရပါတယ်။

သေဆုံးသူ မရွှေရည်ဝင်းဟာ နေပြည်တော် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ဒုကြီးကြပ်ရေးမှူး ဖြစ်ပြီး ဇန်န၀ါရီလ ၂၀ ရက်မှာ နေအိမ်က အလုပ်ကိစ္စနဲ့ ထွက်သွားခဲ့ရာမှ လူပျောက်တိုင်တန်းခဲ့တာဖြစ်ပါတယ်။ ဇန်န၀ါရီလ ၂၁ ရက်မှာ မြောက်ဒဂုံမြို့နယ် ငမိုးရိပ်ချောင်းဘေးမှာ သေဆုံးလျှက် ပြန်လည်တွေ့ ရှိခဲ့ပြီး အဌားယာဉ်မောင်း မျိုးဇော်ဦးက အဓမ္မကျင့် သတ်ဖြတ်ပြီး စွန့်ပစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကျူးလွန်သူ မျိုးဇော်ဦးကို ဇန်န၀ါရီလ ၂၅ ရက်က မြောက်ဒဂုံတရားရုံးမှာ ပထမအကြိမ် ရုံးထုတ်ရမန်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD