AD
AD
AD

မရွှေရည်ဝင်းအမှုဒုတိယရုံးချိန်းမှာ မုဒိမ်းမှုကျူးလွန်တဲ့ တရားခံတွေကို သေဒဏ်ပေးဖို့အတွက်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

မရွှေရည်ဝင်းအမှုရဲ့တရားခံဖြစ်သူ မျိုးဇော်ဦးကို ဒုတိယအကြိမ်မြောက်အဖြစ် မြောက်ဒဂုံတရားရုံးမှာဖေဖော်ဝါရီ ၈ ရက်နေ့မနက်ပိုင်းမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီးတော့ ဘယ်အချိန်မှာ ရုံးထုတ်တယ်ဆိုတာကိုမသိခဲ့ရတဲ့အတွက် အဲ့ဒီအမှုကိုလာရောက်စောင့်ကြည့်သူတွေနဲ့ မုဒိမ်းမှုသေဒဏ်ပေးရေးလှုပ်ရှားသူတွေက ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။

'' ကျွန်မတို့ကမနက်အစောရီးကတည်းက ရောက်နေတာ။အချုပ်ကားက ၈ နာရီရောက်မယ်သတင်းရထားတာအခုက အမတို့ကြားတာနဲ့ တခြားစီဖြစ်သွားတယ်။ အမတို့ကိုများလှည့်စားးတာလားလို့တောင်ထင်မိတယ်'' လို့မြန်မာအမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့က ဒေါ်တင်သန္တာက ပြောပါတယ်''

play

 

ဒီလို လှုပ်ရှားမှုကို သက်ကြီး မုဒိမ်းမှု၊သက်ငယ် မုဒိမ်းမှုများကို ကျူးလွန်သူများကို သေဒဏ်ပေးနိုင်စေဖို့ လုပ်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာမုဒိမ်းမှုကျူးလွန်သူတွေကိုသေဒဏ်အထိပေးဖို့အတွက်ကြေငြာစာတွေကိုကားတွေပေါ်မှာနဲ့  လမ်းသွာားလမ်းလာတွေကိုပါ ဖြန့်ဝေပေးခဲ့ပါတယ်။

play

 

ဒုတိယရုံးချိန်းကို လာရောက်နားထောင်ခဲ့ တဲ့ တက္ကစီယာဉ်မောင်းတစ်ဦးကတော့ သေဒဏ်ပေးစေချင်တယ် လို့ ပြောဆိုခဲ့ပါတယ်။

ဒီနေ့ဒုတိယရုံးချိန်းမှာတော့ တရားခံဖြစ်သူမျိုးဇော်ဦးကို ချုပ်ရက်ရမန် ထပ်ယူခဲ့တာဖြစ်တယ်လို့မြောက်ဒဂုံရဲစခန်းက တာဝန်ကျရဲတပ်သားတစ်ဦးက ပြောပါတယ်။

play

 

FDA ၀န်ထမ်းတစ်ဦးဖြစ်သူ မရွှေရည်ဝင်းကို တက္ကစီယာဉ်မောင်းဖြစ်သူ မျိုးဇော်ဦးက ယာဉ်စီးခ ပေးချေတဲ့ကိစ္စနဲ့ပါတ်သတ်ပြီးတော့ မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Photo - Duwun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD