AD
AD
AD

ကိုးထပ်ကြီးဘုရားမှာ ဗေဒင်ဟောနေတဲ့ ဗေဒင်ဆရာအောင်ချစ်ပိုကို ကာယိနြေ္ဒပျက်စီးမှု၊ခြိမ်းခြောက်မှုတို့နဲ့ စမ်းချောင်းမြို့မ ရဲစခန်းကနေဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

ဗေဒင်ဆရာအောင်ချစ်ပိုကို ဖေဖော်ဝါရီလ ၇ ရက်နေ့ မှာ တရားလိုမိန်းကလေးဖြစ်သူက တိုင်တန်းတာကြောင့် စမ်းချောင်းမြို့မရဲစခန်းကနေ (ပ)၅၄/၂၀၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၃၅၄/၅၀၆ တို့နဲ့ စမ်းချောင်းမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

play

 

''ကျွန်မကိုအချစ်ရေး၊ပညာရေးမှာအောင်မြင်ချင်ရင်ရင်သားထဲမှာအဆောင်ထည့်ဆောင်ရမယ်ပြောတယ်။ကိုယ်တိုင်ဆောင်မယ်ဆိုတော့လည်းမဟုတ်ဘူး။သူကိုယ်

တိုင်ဆောင်ပေးမှစွမ်းမယ်ပြောတယ်။နောက်ဆီမန်းလိမ်းရမယ်တဲ့။နှုတ်ကလည်းအဲ့လိုတိုင်ရင် စာမေးပွဲကျမယ်။ အသက်အန္တရာယ်ကြုံရမယ်ခြိမ်းခြောက်တယ်။အဲ့ဒါတွေ ကြောင့် တရားစွဲဆိုတာပါ'' လို့ တရားစွဲဆိုခဲ့သူ ဒိန်းပိုပိုဒေါင်က ပြောပါတယ်။

တရားလိုက  ဆယ်တန်းစာမေးပွဲအောင်မြင်ရန်အတွက် စမ်းချောင်းမြို့နယ်ကိုးထပ်ကြီးးဘုရားကဗေဒင်ဆရာအောင်ချစ်ပိုရဲ့ ဗေင်ဟောခန်းကို သူငယ်ချင်းဖြစ်သူနဲ့ သွားရောက်ရာမှတရားလို ရဲ့ ရင်သားကြားသို့ လူနှစ်ယောက်ဖက်နေသည့် ရွှေရုပ်အဆောင်ယတြာကိုထည့်ကာ ကိုင်တွယ်သည့်အပြင် ရင်သားနေရာကို ဆီမန်းလိမ်းရမည်၊မလိမ်းပါက စာမေးပွဲကျမည်ဟုဆိုကာ ရင်သားနှင့်မိန်းမကိုယ်ကို လက်ဖြင့်ကိုယ်တွယ်ဆီမန်းလိမ်းပေးတာတွေပြုမူခဲ့တာကြောင့်

အခုလို အရေးယူတာလို့ ပြည်ထဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD