play
နိုင်ငံတော်အတိုင်ပင်ခံနှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ တွေ့ဆုံခဲ့စဉ်။


NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ရဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေအတွက် ဂျပန်အစိုးရက ကူညီပေးသွားမယ်လို့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာယိုဟဲအိဆာဆာကာဝါက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ညနေ ၃ နာရီခွဲက နေပြည်တော် Kempinski Hotel မှာကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) နဲ့ ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းတို့ ပြုလုပ်ခဲ့တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာယိုဟဲအိဆာဆာကာဝါက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

play
မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)နှင့် နီပွန်ဖောင်ဒေးရှင်းတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။


"၂ဝ၁၅ ခုနှစ်မှာ လက်မှတ်မထိုးခဲ့ရခြင်းသည် (All Inclusive)ဖြစ်ဖို့ အားလုံးပါဝင်နိုင်ဖို့ တောင်းဆိုခဲ့ပေမယ့် အစိုးရက သဘောမတူလို့ လက်မှတ်မထိုးဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး ကြိုးစားတယ်၊ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေနေအပေါ်ကို မူတည်ပြီး NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ နီပွန်ဖောင်ဒေးရှင်းက တတ်နိုင်တဲ့ အကူအညီတွေ ပေးမယ်လို့ ပြောတဲ့ အတွင်လည်း ဝမ်းမြောက်ကြိုဆိုပါတယ်"လို့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

play


လက်ရှိအချိန်မှာ နိပွန်ဖောင်ဒေးရှင်းအနေနဲ့ ၂၀၁၅ က NCA လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့တွေကို ကူညီနေပြီး KNU နယ်မြေ ဖွံ့ဖြိုးမှုအတွက် ကန်ဒေါ်လာသန်း ၄၀ ကျော်အသုံးပြုထားတယ်လို့ သိရပါတယ်။

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက် ) နေ့လည်ပိုင်းကလည်း နေပြည်တော်အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ (၂) မှာ တစ်​နိုင်​ငံလုံး ပစ်​ခတ်​တိုက်​ခိုက်​မှုရပ်​စဲ​ရေး သ​ဘောတူစာချုပ်​ (NCA) ကို မွန်​ပြည်​သစ်​ပါတီနဲ့ လားဟူဒီမိုကရက်​တစ်​အစည်းအရုံးတို့ လက်​မှတ်​​ရေးထိုးတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

Source & Photos : Nippon Foundation, Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video