AD
AD
AD
play

 

ပညာရေးအသုံးစရိတ်တိုးမြှင့်ရေးဆန္ဒပြခဲ့တဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကို ဗကသအဖွဲ့ချုပ်က ထုတ်ပယ်တယ်လို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကြေငြာခဲ့ပါတယ်။

ကြေငြာချက်အရ ဗကသများအဖွဲ့ချုပ်ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေတွေကို ချိုးဖောက်တာကြောင့် ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂစည်းရုံးရေးကော်မတီတာဝန်ခံ ကိုရဲမျိုးဆွေ ကို ထုတ်ပယ်တယ်လို့ ကြေငြာခဲ့တာ ဖြစ်ပါတယ်။

"သူတို့က ဗကသထက် ဗဟိုလုပ်ငန်းကော်မတီပေါ့နော်။ ဘားအံကျောင်းသားထုတွေ့ဆုံဆွေးနွေးပွဲမှာ အစည်းအဝေးတွင်း မကျေလည်မှု တွေကနေ ဗကသကျောင်း ၁၉ ကျောင်းက ပြန်လာတယ်။ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒီအဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ကျွန်တော်တို့ ကပြောထားပြီးသား။ ကျွန်တော်တို့ကမပတ်သတ်ဘူးလို့ အစတည်းက ပြောထားပြီးသား။ သူတို့ကထုတ်လို့ မရဘူးဗျ။ ထုတ်ပိုင်ခွင့်လည်းမရှိဘူး။ ညီလာခံဖြစ်မြောက်ရေးကော်မတီလည်း ကြေငြာချက်ထုတ်သွားမှာပါ"လို့ ရတနာပုံတက္ကသိုလ်သမဂ္ဂဗကသများအဖွဲ့ချုပ် စည်းရုံးရေးမှုးတာဝန်ခံ ကိုရဲမျိုးဆွေက ဓူဝံကို ပြောပါတယ်။

play

 

ဒါ့အပြင် "ရဲမျိုးဆွေကို အခြေပြုကာ ဆောင်ရွက်နေတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုလည်း တစ်ဆက်တည်း ထုတ်ပယ်လိုက်သည်"လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ဆန္ဒပြကျောင်းသားတွေကို သက်ဆိုင်ရာတက္ကသိုလ်တွေက သင်တန်းရပ်စဲတယ်လို့ အကြောင်းကြားပြီးနောက်မှာ ပြန်လည်ညှိနှိုင်းလို့ ရတာကြောင့် ကျောင်းပြန်လည်တက်ရောက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD