play

 

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၃ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် နေအိမ်ကို လာရောက်လေ့လာသူ ထောင်ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။

ပြတိုက် လာရောက်လေ့လာသူတွေကို အဌားယာဉ်မောင်းတွေက ဆူးလေ မဟာဗန္ဒုလပန်းခြံအထိ အခမဲ့ လိုက်လံပို့ဆောင်ပေးမှု တွေ ပြုလုပ်ပေးခဲ့တာကိုလည်း သိရပါတယ်။

“ ဒီနေရာက လိုင်းကားလည်းမရှိတော့ တက်စီသမားတွေ တိုင်ပင်ပြီးတော့ အခမဲ့ပို့ဆောင်ပေးဖို့ လုပ်ဖြစ်သွားတာပါ။ အခမဲ့ပို့ပေးတာကတော့ ဒီနှစ်က ပထမဆုံးပါ။ ပဲပြုတ်နဲ့နံပြားကျွေးတာတော့ လေးနှစ်လောက် ရှိသွားပါပြီ"လို့ အဌားယာဉ်မောင်းကိုဖိုးချိုက ပြောပါတယ်။

play

 

ဒါ့အပြင် ပြတိုက်ရှေ့မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတူပန်းချီကားေးတွကိုလည်း ခင်းကျင်းပြသထားပြီး နေအိမ်ပြတိုက်ရှေ့မှာ ဗိုလ်ချိုရပ်ကွက်သူ ရပ်ကွက်သားတွေက ပဲပြုတ်နံပြားနဲ့ လက်ဖက်ရည်တွေကို ပြည်သူတွေကို လိုက်လံ ဝေငှပေးခဲ့တာကို တွေ့ရပါတယ်။

“ကလေးတွေကို ဗိုလ်ချုပ်ရဲ့ သမိုင်းကြောင်းတွေ ပြောပြရင်းနဲ့ ဗိုလ်ချုပ်နေခဲ့တဲ့ အိမ်ကိုပြဖို့ အတွက် မိသားစုနဲ့ အတူလာခဲ့တာပါ" ဗိုလ်တထောင်မြို့နယ်မှ ကိုသားချိုက ပြောပါတယ်။

ဗိုလ်ချပ်အောင်ဆန်းနေအိမ်ပြတိုက်ကို အပတ်စဉ် အဂါင်္နေ့ကနေ တနင်္ဂနွေနေ့အထိ မနက် ၉ နာရီခွဲကနေ ၄နာရီခွဲအထိ ဖွင့်လှစ်ထားရှိပြီး ကျန်တဲ့ ရက်တွေမှာ လာရောက်ကြည့်ရူသူ ၁၀၀ ၀န်းကျင်ရှိခဲ့ပြီး အခုလို အထိမ်းအမှတ်နေ့တွေမှာ ထောင်ကျော်အထိ လာရောက်ကြတယ်လို့ ပြတိုက်တာဝန်ခံ ဦးခင်မောင်စိုးပြောပါတယ်။

play

 

ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို နိုင်ငံသားပြည်သူတွေ အခမဲ့လာရောက်ကြည့်ရှုနိုင်ပြီး ပြည်ပခရီးသွားတွေအတွက် ၀င်ကြေး ငါးထောင် သတ်မှတ်ကောက်ခံနေတယ်လို့ သိရပါတယ်။

အခုပြတိုက်အဖြစ်ဖွင့်လှစ်ပြသထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်မှာ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၅ ခုနှစ်မေလကနေ ၁၉၄၇ ခုနှစ် ဇူလိုင်လအထိ နေထိုင်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video