play

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သံလွင်ဈေးအရှေ့က စက်သုံးဆီဆိုင်တစ်ဆိုင်မှာ ဒီနေ့ (ဖေဖော်ဝါရီလ ၁၃ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

play

 

မီးလောင်မှုဖြစ်စဉ်ကို မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ခြောက်စီး၊ မော်လမြိုင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် သုံးစီး၊ မြိုင်သာယာမီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီး၊ စုစုပေါင်းမီးသတ်ယာဉ် ၁၀ စီးနဲ့ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ မီးလောင်ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကို မသိရသေးဘဲ နေအိမ်သုံးလုံးနဲ့ ကားတစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

Source : MFSD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video