play

 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စုမှာ ဒီနေ့ (ဖေဖော်ဝါရီလ ၁၃ ရက်) မနက် ၇ နာရီကဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦးနဲ့ ဆယ်လသားအရွယ်ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာမပြင်းထန်ဘူးလို့ သိရပါတယ်။

သရက်တော ကျေးရွာအုပ်စု၊ စည်ပင်သာကျေးရွာအပိုင် ကြက်ညှောင်တဲစုရွာထဲက မြေကွက်လပ်တစ်ခုမှာ အသက် ၁၃ နှစ်အရွယ် ကလေးနဲ့ ၁၀ လသားအရွယ်ကလေးက ကြက်ဥလုံးအရွယ်လောက်ရှိတဲ့ ပေါက်ကွဲစေတတ်တဲ့ အရာတစ်ခုကို ပစ်ပေါက်ဆော့ကစားတာကနေ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့  ဥတ္တရသီရိမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဝင်းက ဓူဝံသတင်းဌာနကို ပြောပါတယ်။

play

 

"ဗုံးလို့တော့ မသတ်မှတ်ပါဘူးး။ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားးတာပါ။ အခုတော့ ကျွမ်းကျင်တဲ့သူတွေက အပိုင်းအစတွေ စစ်ဆေးနေတုန်းပဲ။ ကျွန်တော်တို့ အခင်းဖြစ်တဲ့နေရာမှာ ရွာသားတွေကို စစ်မေးနေတယ်။ ပေါက်ကွဲမှုကြောင့် ကလေးတွေရဲ့ ခြေထောက်နဲ့ တင်ပါးတွေမှာတော့ ဒဏ်ရာရသွားတယ်၊ လောလောဆယ် ကုတင် ၁၀၀၀ ဆေးရုံမှာ တင်ထားတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး"လို့ ရဲမှူးစိန်ဝင်းက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ အဆိုပါဖြစ်စဉ်နဲ့ပတ်သတ်ပြီး ပေါက်ကွဲစေတတ်သော အရာဝတ္တုများ ဥပဒေပုဒ်မ ၂၈၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ကျေးရွာက ရန်ကုန်-မန္တလေး အမြန်လမ်းကနေ ၇ မိုင်လောက်ဝေးတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video