AD
AD
AD

လူပေါင်း၃၄၆၆ဦးနဲ့ပုံဖော်ထားတဲ့မြန်မာပြည်မြေပုံကဂင်းနစ်စံချိန်ဝင်သွားတယ်လို့ဒီနေ့ဖေဖော်ဝါရီ၁၄ရက်နေ့မှာguinnessworldrecords ကနေကြေငြာခဲ့ပါတယ်။

play

 

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာမြန်မာ့နိုင်ငံက ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်တဲ့ တယ်လီနောက မကွေးမှာ မကွေးဒေသခံတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့  မြန်မာပြည်မြေပုံကို စုပေါင်းပုံဖော်ခဲ့တဲ ရလာဒ်လည်းဖြစ်ပါတယ်။

အဲ့ဒီမြေပုံက စတုရန်းပေ ၂၄၈၀၄ ပေ အကျယ်ရှိပြီးတော့ မြေပုံကို စုပေါင်းပုံဖော်အပြီး နှစ်ရက်အတွင်းမှာ ဂင်းနစ်စံချိန်တင်တယ်လို့ ကြေငြာခဲ့တာလည်းဖြစ်ပါတယ်။

play


'တယ်လီနောမြန်မာက မကွေးမှာပြုလုပ် ခဲ့တဲ့ နိုင်ငံတစ်ခုပုံကိုလူတွေနဲ့ ပုံဖော်ထားတဲ့ အကြီးဆုံးမြေပုံမှာ လူပေါင်း ၃၄၆၆ ယောက်ပါဝင်ခဲ့ပါတယ်။ Pastel Communications ကပြုလုပ်ခဲ့ပြီးတော့ ပါဝင်သူတွေအားလုံးက အပြာရောင်ဝတ်စုံဝတ်ဆင် ပုံဖော်ပါဝင်ခဲ့ပါတယ်'' လို့ ဂင်းနစ်စာရင်းမှာ ဖော်ပြခဲ့ပါတယ်။ ဂင်းနစ်စံချိန်ဝင်ဖူးတဲ့ စာရင်းအရ ပြီးခဲ့တဲ့၂၀၁၆ ခုနှစ် စက်တင်ဘာလက ဗြိတိန်မှာ လူဦးရေ ၈၁၁ ယောက်နဲ့ အာဖရိကတိုက်မြေပုံ ပုံဖော်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD